ကျောက်တံတား သြဂုတ် ၁၇
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်း က United Amara Bank(UAB) ဘဏ်(၁၀)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မြို့နယ်အတွင်းရှိ ဝင်ငွေနည်းမိသားစုများ၊ သက်ကြီး ဘိုးဘွား များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် ဆန်(၃)ပြည်ပါ အိတ်(၈၀၀)ကို UAB ဘဏ်မှ တာဝန်ရှိသူများမှ မြို့နယ်အုပ်ချုပ်ရေးမှူးထံ ထောက်ပံ့ လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့သို့ ထောက်ပံ့လှူဒါန်းပေးအပ်ရာတွင် မြို့နယ်အတွင်းရှိ ဝင်ငွေနည်းမိသားစု (၁၀၆)စု၊ အသက်(၈၅) နှစ်အထက်(၁၈၈)ဦး၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်စည်/ပင်သာယာရေးဝန်ထမ်းများ နှင့် မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ အပါအဝင် စုစုပေါင်း(၈၀၀)ဦးတို့ အတွက် တစ်ဦးလျှင်(၃) ပြည်နှုန်းဖြင့် အိတ်(၈၀၀)ကို ထောက်ပံ့လှူဒါန်းပေးခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
ရွှေနန်းမေ