နမ့်ဆန် မတ် ၁၇ ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် နယ်ဝေးမှ ဝင်ရောက်လာ သည့် ခရီးသည် များအား COVID-19 ကိုရိုနာဗိုင်းရပ်စ် ရှိ/မရှိ စောင့်ကြည့် စစ်ဆေးခြင်း လုပ်ငန်းကို ယမန်နေ့က ညနေ (၅)နာရီ အထိ မြို့နယ်ပြည်သူ့ဆေးရုံရှ

သီပေါ မတ်  ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ကျန်းမာရေး ဝန်ထမ်းများသည် အ.ထ.က (၁) စာစစ်ဌာနတွင် တက္ကသိုလ်ဝင် စာမေးပွဲ  ရူပဗေဒ ဘာသာရပ် ဖြေဆိုမည့် နေ့တွင် ကြီးကြပ်ရေးမှူးများ၊ လုံခြုံရေးတာဝန်ရှိသူများနှင့် ကျောင်းသား/ ကျောင်းသူများအား ကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်းများကို ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ  သားဖွားဆရာမ ဒေါ်ငြိမ်းငြိမ်းပို ဦးဆောင်သော ကျန်းမာရေး စောင့်ရှောက်မှုပေးသော အဖွဲ့သည် ကြီးကြပ်ရေးမှူးများ၊ လုံခြုံရေးတာဝန်ရှိသူများနှင့် ကျောင်းသား/ ကျောင်းသူများအား အပူချိန်တိုင်းပေးခြင်း၊ ချောင်းဆိုးနေသည့် ကျောင်းသား/ ကျောင်းသူ များအား ကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် Mask များ တပ်ဆင်ပေးခြင်း၊ ဖျားနာ သူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် COVID-19 ရောဂါနှင့် ပတ်သက်သည့် ကျန်းမာရေး အသိပညာပေး နံရံကပ် စာစောင်များ ပြသခြင်း၊ Hand Gel လက်သန့်စင် ဆေးရည် များဖြင့် လက်သန့်စင်စေ၍ စာမေးပွဲခန်း အတွင်းဝင်ရောက်စေခြင်းများကို ပြုလုပ် ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။

ခင်လေး(သီပေါ ပြန်/ဆက်)