မိုင်းရှူး ဩဂုတ် ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှကိုဗစ်-၁၉ စီးပွားရေး ကုသမှု အစီအစဉ်ထောက်ပံ့မှုအရ ဆောင်ရွက်သော မိုးစပါးစိုက်ပျိုးမည့် တောင်သူများအား မိုးစပါးမျိုးစေ့ ထုတ်စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ယနေ့ နံနက်(၉)နာရီက မိုင်းရှူးမြို့နယ်၊ မိုင်းအော့ ကျေးရွာနေ တောင်သူ ဦးလုံးအွန်၏ စပါးစိုက်ခင်း၌ ပြုလုပ်သည်။
အဆိုပါ စိုက်ကွင်းသရုပ်ပြပွဲတွင် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးမျိုးခိုင်က တောင်သူများ အနေဖြင့် သီးနှံအထွက်တိုးစိုက်ပျိုးနည်းစနစ်ကိုမြေပြင်ချိန်၊ ပျိုးထောင်ချိန်၊ စိုက်ပျိုးချိန်များတွင် မြေဩဇာများ ကို ချိန်ကိုက်ချိုးကျစနစ်တကျ သုံးစွဲသွားရန်၊ ပိုးမွှားရောဂါ ကာကွယ်ရေးအတွက် ပိုးသတ်ဆေးများကို စနစ်တကျသုံးစွဲရန် လိုအပ်ကြောင်း၊ ခြောက်တန်းတစ်တန်း လှပ်စိုက်ပျိုးနည်းစနစ်များအကြောင်းကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ဦးလုံးအွန်၏စပါးစိုက်ခင်းတွင် တောင်သူများက ခြောက်တန်းတစ်တန်းလှပ် စိုက်ပျိုး နည်း ကွင်းဆင်းပြသရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဒေါ်နန်းကောင်ခမ်း၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောလွင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျေးရွာနေပြည်သူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်