ရန်ကုန် ဩဂုတ် ၁၆
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် မိုးတွင်းကာလ၊ ရပ်ကွက်များတွင် ရေကြီးရေလျှံခြင်းများ မဖြစ်စေရေး၊ ရေနှုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေး၊ ခြင်ကြောင့်ဖြစ်တတ်သော သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေး တို့အတွက် ကြိုတင်ပြင်ဆင်ခြင်း၊ ကွန်ကရိအုတ်စီ ရေမြောင်းများပြုလုပ်ခြင်းနှင့် ကွန်ကရိလမ်း ခင်းလောင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းအချိန်က သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလှဝင်းသည် သင်္ဃန်းကျွန်းမြို့နယ် စည်ပင်သာယာကော်မတီ လမ်းတံတား ဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ဥမ္မာသိန်းတို့နှင့်အတူ အောင်ဆုပန် ရပ်ကွက်၊ သုဝဏ္ဏတံတား အဆင်းလမ်းဘေးလူသွား လမ်းပလက်ဖေါင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို သွားရောက်ကြည့်ရှုကာ လုပ်ငန်းများ အရည်အသွေးပြည့်မီကာအချိန်မီပြီးစီးစေရေးတို့အတွက် ပေါင်းစပ်ညှိနှိုင်းကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရဲမင်းထွန်း (ပြန်/ဆက်)