နောင်တရား ဩဂုတ် ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ နောင်တရားမြို့၌ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း နိုင်ငံတော်အစိုးရက ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုများအတွက် တတိယကြိမ် ထောက်ပံ့ငွေများကို ယနေ့ နံနက်ပိုင်း တွင် နောင်တရားမြို့အတွင်းရှိ အိမ်ထောင်စု(၂၁၀)စု သို့ ထောက်ပံ့ပေးအပ်သည်။
နောင်တရားမြို့ အမှတ်(၁)ရပ်ကွက်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၇၇) စုအတွက် နောင်တရားတိုက်နယ်ပြည်သူ့ဆေးရုံမှ ဒေါက်တာဝတ်ရည်ဖြိုးနှင့် အမှတ်(၁) အုပ်ချုပ်ရေးမှူးတို့မှလည်းကောင်း၊ အမှတ်(၂)ရပ်ကွက်၌ အိမ်ထောင်စု(၁၇)စု အတွက် နောင်တရား မြို့ စာတိုက်တာဝန်ခံ ဦးခွန်ထွန်းကြည်နှင့် အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့မှ လည်းကောင်း၊ အမှတ်(၃)ရပ်ကွက်၌ အိမ်ထောင်စု(၁၁၆)စုအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မူမြစောနှင့် အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့မှ လည်းကောင်း၊ စုစုပေါင်း (၂၁၀)စု အတွက် အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားအိမ်ထောင်စုများ၏ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)