ရန်ကုန် ဩဂုတ် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးရုံးမှ ကျန်းမာရေး ဝန်ထမ်းများသည် ကိုဗစ်ကာလ အတွင်း ယာယီရပ်နားထားခဲ့သော ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း၊ ဆေးတိုက်ခြင်း လုပ်ငန်းများကို ဇွန်လ(၁) ရက်နေ့မှ စတင်၍ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ် ဗိုလ်ကံညွန့် ရပ်ကွက် နှင့် (င/ခ)ရပ်ကွက်များသို့ကွင်းဆင်းကာ မျက်စိအားဆေး နှင့် သန်ချအားဆေးများကို အသက်(၆)လမှ (၅)နှစ် အထိကလေးငယ်များအား ကွင်းဆင်းတိုက်ကျွေးပေးလျက်ရှိသည်။
ထိုသို့မြို့နယ်ကျန်းမာရေးဝန်ထမ်းများကွင်းဆင်းဆောင်ရွက်ရာသို့ မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေး အဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့က ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ရဲမင်းထွန်း(ပြန်/ဆက်)