ဝမ်းတွင်းမြို့ ၌ စာဖတ်ဝိုင်း ကျင်းပ

ဝမ်းတွင်း ဩဂုတ် ၁၆

စာရေးဆရာဖေမြင့်၏ “စဉ်းစားခြင်း”စာအုပ်ဖတ်ပွဲကို၂၀၂၀ပြည်နှစ် ဩဂုတ်(၁၅)ရက်နေ့က ဝမ်းတွင်း မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဦးမြင့်ဇော်မှ စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ပေးရခြင်း ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ စာကြည့်တိုက်လက်ထောက်-၃ ဦး တင်လှိုင်မှ ဆရာဖေမြင့်ရဲ့ “စဉ်းစားခြင်း” စာအုပ်နှင့် ပတ်သက်၍ စတင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ နောက်စာပေချစ်သူမောင်ထွန်းနိုင်ဝင်းမှ လူတွေဟာ အကျပ်အတည်းနှင့် ကြုံလာရင် စဉ်းစားတွေးခေါ် တက်ဖို့အရေးကြီးကြောင်း၊ အမျိုးမျိုးသော ကိစ္စကြီးငယ်များအပေါ် စဉ်းစားတွေးခေါ်၍ လျှပ်တစ်ပြတ် ဉာဏ်ဖြင့်ဆုံးဖြတ်ဆောင်ရွက်နိုင်ပါကြောင်း၊ ဆရာဖေမြင့် ဆိုခဲ့သလို မြည်းတိုင်း ဉာဏ်နည်းသလား၊ တစ်ပန်းရှုံးသော အနေအထားမှာတောင် ယှဉ်ပြိုင် အနိုင်ရခဲ့သူများ အကြောင်း အလွန်ပညာရသော အသိတစ်ခုကို ရခဲ့ကြောင်းဆွေးနွေးသည်။

ဆက်လက်ပြီး ကိုသန့်အာကာနိုင်မှ ဆွေးနွေးရာတွင်ပုံမှန် အတွေးကြည့် စဉ်းစားတာထက် ဖောက်ထွက်သော အတွေးကို စဉ်စားတတ်ဖို့ လိုအပ်ပါကြောင်း၊ စဉ်းစားရာတွင်လည်း ပြသာနာများစွာရှိနေနိုင်ကြောင်း၊ အဆိုးအကောင်းကိုမျှတအောင်စဉ်းစားတွေးခေါ် တက်ဖို့လဲ လိုအပ်ပါတယ်၊ မိမိလုပ်မည့်အလုပ်တစ်ခုကို လုပ်သင့်/မလုပ်သင့်-အဆိုးအကောင်း/အကျိုး အကြောင်းများကို စဉ်းစားတွေးခေါ်ပြီးမှ လုပ်သင့်ပါကြောင်း ဆွေးနွေးခဲ့သည်။

အလားတူ မောင်ကြယ် စင်ထွေးမှဆွေးနွေးရာတွင်မိမိလုပ်မည့်အလုပ်ကို စဉ်းစားကြည့်တဲ့အခါ ပို၍ စဉ်းစားစရာတွေပေါ်လာ တတ်ပါတယ်၊ မိမိအတွက်ဆိုသော အတွေးမျိုးဘဲ တစ်ဘက်သက် မတွေးဘဲ တစ်ဖက်သူနေရာမှာလည်းဝင် ၍စဉ်းစားပေးသင့်ကြောင်း အရာရာကိုသိမ်းကျုံး ပြောဆိုခြင်းမပြုဘဲ ခြုံငုံသုံးသပ်စဉ်းစားပြီးမှအကောင်းဆုံးကို ရွေးချယ်သင့်ပါကြောင်း၊ အတွေးအခေါ်နှင့် ပတ်သက်၍ ဆရာတွေကအမျိုးမျိုးတွေးခေါ် နိုင်အောင်လမ်းပြ သင်ကြားပေး ထားခဲ့ကြောင့် မည်သူ့ကိစ္စမဆို မိမိနှင့် တစ်ခြားသူမျှတအောင်စဉ်းစား တွေးခေါ်ပြီးမှ အကောင်းဆုံးကို ရွေးချယ်ပြီးလုပ်ဆောင်သင့်ပါကြောင်း ဆွေးနွေးခဲ့သည်။

အဆိုပါ ဆရာဖေမြင့်ရဲ့“စဉ်းစားခြင်း”စာအုပ်ဖတ်ပွဲသို့ မြို့နယ် Book Club အသင်းမှအသင်းသူ / အသင်းသားများနှင့် သဲတောဝမ်းတွင်းရှိ စာပေချစ်သူများမှ တက်ရောက်ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)