ရန်ကုန် ဩဂုတ် ၁၆
သင်္ဃန်းကျွန်းမြို့နယ်တွင် လက်လုပ်လက်စား ဆင်းရဲသားပြည်သူများ ကိုဗစ်−၁၉ ကာလအတွင်း စားဝတ်နေရေး အဆင်ပြေစေရေးအတွက် နိုင်ငံတော်အစိုးရက အခြေခံစားသောက်ကုန်များ၊ ငွေကြေးများကို ထောက်ပံ့ပေး လျက်ရှိသည်။
ထို့အပြင် ပုဂ္ဂလိက လုပ်ငန်းရှင်တို့ကလည်း အခါအားလျော်စွာ ထောက်ပံ့ပေးအပ်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက UAB Bank က သင်္ဃန်းကျွန်းမြို့နယ် ရန်ကုန်သစ်ရပ်ကွက်ရှိ လက်လုပ်လက်စား ပြည်သူ (၃၈၄) ဦးနှင့် သုမင်္ဂလာရပ်ကွက်မှလက်လုပ်လက်စားပြည်သူ (၂၅၂) ဦးတို့ အတွက် လူတစ်ဦးလျှင် ဆန်(၃)ပြည်နှုန်းဖြင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့၏ အကူအညီဖြင့် လက်ဝယ်အရောက် လိုက်လံ ပေးအပ်လျက် ရှိကြောင်း သိရသည်။
ရဲမင်းထွန်း (ပြန်/ဆက်)