လှိုင်းဘွဲမြို့နယ်၌ အလှူရှင်များမှ ဝယ်ယူထားသော Oxygen Plant စက်သစ်အား စတင်စမ်းသပ်လည်ပတ်

လှိုင်းဘွဲ စက်တင်ဘာလ ၂၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ယခုလက်ရှိဖြစ်ပွားနေသော လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ အမြန်ဆုံးကုသနိုင်ရေးအတွက် လိုအပ်သော အောက်ဆီဂျင်များ လုံလောက်စွာ ထုတ်လုပ်နိုင်ရေးနှင့် အောက်ဆီဂျင် ပြတ်တောက်မှု မရှိစေရေးအတွက် မြို့နယ်အတွင်းရှိ အလှူရှင်များနှင့်ရပ်နီး ရပ်ဝေးမှ စုပေါင်းလှူဒါန်းသည့် Oxygen Plant စက်သည် ယမန်နေ့က စက်များ စတင်စမ်းသပ်လည်ပတ်၍ အောက်ဆီဂျင်အိုးများ ထုတ်ယူနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ Oxygen Plant စက်သည် တန်ဖိုး ကျပ်သိန်း(၇၅၀၀)ရှိပြီး စက်တပ်ဆင်ရာတွင် စက်တပ်ဆင်ရေး ကျွမ်းကျင်ပညာရှင်များ၊ လူမှုကယ်ဆယ်ရေး အသင်းနှင့် တာဝန်ရှိသူတို့က စနစ်တကျ တပ်ဆင်ထားကာ အောက်ဆီဂျင် 40L အိုး(၄)လုံးကို (၅၀)မိနစ်ကြာ စတင်စတင်စမ်းသပ် လည်ပတ်နိုင်ခဲ့သည်။ အောက်ဆီဂျင်များ ထုတ်ယူနိုင်ခြင်းကြောင်း လှိုင်းဘွဲမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် နိုင်ရန်နှင့် အောက်ဆီဂျင် လိုအပ်ချက်များအား အချိန်မီဖြည့်ဆည် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ပြည်သူများ အနေဖြင့် အောက်ဆီဂျင်နှင့် ပတ်သက်၍ အလွယ်တစ်ကူ အသုံးပြုနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)