ဒေါ့ဖုန်းယန်မြို့အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ၃၂ ဦးအား လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်

ဒေါ့ဖုန်းယန် စက်တင်ဘာ ၂၆

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့အတွင်းရှိ အသက် ၈၅နှစ်နှင့်အထက် သက်ကြီး ဘိုးဘွား ၃၂ ဦးအား နိုင်ငံတော်မှထောက်ပံ့သည့် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်းက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦး၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူးများနှင့် စာရေးဝန်ထမ်းများက ထောက်ပံ့ငွေများကို အဘိုးအဘွားများ၏ လက်ဝယ်အရောက် ထောက်ပံ့ ပေးခဲ့သည်။

ထိုသို့ ထောက်ပံ့ငွေပေးအပ်ရာတွင် မြို့ပေါ်ရပ်ကွက်များမှ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွား ၃ ဦးနှင့် ကျေးရွာများမှ သက်ကြီးဘိုးဘွား ၂၉ ဦး တို့အတွက် နိုင်ငံတော်မှ တစ်လလျှင် ၁၀၀၀၀ နှုန်းဖြင့် သုံးလ တစ်ကြိမ်ထောက်ပံ့ပေးခြင်းဖြစ်ပြီး ဒေါ့ဖုန်းယန်မြို့အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ၃၂ ဦးအတွက် တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၉၆၀၀၀၀ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

သန်းနိုင်စိုး