တာချီလိတ် ဩဂုတ် ၁၆
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းသည် တာချီလိတ်-ကျိုင်းတုံ လမ်းဆုံ မြို့ဝင်မုဂ်ဦး၌ (Free Way) လမ်းဖော်ဆောင်ခြင်းနှင့် လမ်းသား တိုးချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ယမန်နေ့က သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိသည်။
လမ်းများ တိုးချဲ့ဆောင်ရွက်ပြီး ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်ရာတွင် ရောင်နီဦးဆီပန့် (ရိုဟြာ)ရှေ့တွင် လမ်းတိုးချဲ့ဆောင်ရွက်နိုင်ရန် ရောင်နီဦးဆီပန့်မှ လှူဒါန်းမည့် အလှူငွေ ကျပ်သိန်း(၁၁၀)ဖြင့် (၁၇၀'၂၂'၉)ပေ ကွန်ကရစ်လမ်းခင်းဆောင်ရွက်မှုကို ဝန်ကြီးမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ လုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ကြောင်း သိရသည်။
ယခုအချိန်၌ လမ်းလယ်ကျွန်းများတွင် ပန်းအလှစိုက်ခြင်း၊ ရောင်စုံမီးဆိုင်းများတပ်ဆင်ရန် ဓာတ်တိုင်များ စိုက်ထူခြင်း ပြုလုပ်လျက်ရှိရာတွင် လုပ်ငန်းများ ကိုးဆယ်ရာခိုင်နှုန်းခန့် ပြီးစီးပြီ ဖြစ်ကြောင်း သိရှိရသည်။
ယာဆေး (ပြန်/ဆက်)