မိုင်းရှူး ဩဂုတ် ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်ဖြင့် မျိုးစေ့ထုတ် တောင်သူများအားထောက်ပံ့ငွေနှင့် သွင်းအားစုပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီက မိုင်းရှူး-တန့်ယန်းကား လမ်းဘေးရှိ မိုင်းအော့ကျေးရွာ နေတောင်သူ ဦးလုံးအွန်၏ စပါးစိုက်ခင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းကောင်ခမ်းကမိုင်းရှူး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် မျိုးစေ့ထုတ် စိုက်ဧက( ၁၅) ဧကစိုက်ပျိုး ဆောင်ရွက်သွားမည်ဖြစ်ရာ မိုင်းအော့ကျေးရွာတွင် (၇)ဧကစိုက်ပျိုးမည်ဖြစ်ပြီး မျိုးစေ့ထုတ် (၇)ဧကမွ(၁)ဧကလျင် အနည်းဆုံးတင်း (၇၀)ထွက်ရှိပါက(၄၉၀)တင်းထွက်ရှိလာမည်ဖြစ်ရာ (၇၃၅)ဧကအတွက် မျိုးစေ့ထုတ်စပါးပြန်လည် ရရှိနိုင်မည်ဖြစ်ကြောင်း၊ ယခု စိုက်ပျိုးသည့်စပါးမျိုးသည်စပါးမျိုးကောင်း ဖြစ်သည့်အပြင် အထွက် နှုန်း ကောင်းသည့်အတွက် တောင်သူများအနေဖြင့် မျိုးစပါး ပြောင်းလဲစိုက်ပျိုးသင့်ကြောင်း ပြောကြားသည်။
ထို့နောက် မိုင်းရှူးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးမျိုးခိုင်က(CERP)အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ ထုတ်တောင်သူ များ အား ထောက်ပံ့ငွေနှင့် သွင်းအားစုပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါ်နန်းကောင်ခမ်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောလွင်နှင့် မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးမျိုးခိုင်တို့ကထောက်ပံ့ငွေနှင့်သွင်းအားစုများပေးအပ်ရာ မိုးစပါးမျိုးစေ့ထုတ် တောင်သူ(၂) ဦးမှ အသီးသီးလက်ခံ ရယူခဲ့ကြောင်း သိရသည်။
အဆိုပါမျိုးစေ့ထုတ်တောင်သူများအား မျိုးစေ့ထုတ် (၁)ဧကစိုက်ပျိုးခြင်းအတွက် ငွေကျပ်-၇၅၀၀၀/-နှင့် မျိုးစေ့ဖိုးငွေကျပ်- ၈၅၀၀/-၊ ပေါင်းငွေကျပ်- ၈၃၅၀၀/-၊ စိုက်ပျိုးပြီးနောက်ပိုင်း စိုက်ခင်းအတွင်း မျိုးကွဲပယ်ခြင်းအတွက်ကျပ်ငွေ- ၅၀၀၀၀/-၊ သန့်စင်ခြင်း အတွက် ကျပ်ငွေ- ၁၅၀၀၀/-အပါ (၁)ဧကစိုက်ပျိုးခြင်း အစအဆုံးအတွက် စုစုပေါင်းကျပ်ငွေ-၁၄၈၅၀၀/ ကို နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးထားကြောင်း မိုင်းရှူးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးမျိုးခိုင်ထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)