ကိုဗစ် - ၁၉ ကာလ၌ ကျိုက်ဒုံမြို့တွင် နောက်ထပ်တစ်ကြိမ်၊ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု၊ တစ်စုလျှင် ငွေ (၂၀၀၀၀) ကျပ် ထောက်ပံ့ ပေးအပ်

ကျိုက်ဒုံ ဩဂုတ် ၁၆

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် ယနေ့နံနက် ၁၁ နာရီက မြို့အုပ်ချုပ်ရေးမှူး အစည်းအဝေးခန်းမ၌ ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားသည့် ကာလမှာ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် တစ်အိမ်ထောင်စုလျှင် (၂၀၀၀၀) ကျပ်နှုန်းဖြင့် ကျိုက်ဒုံဒေသအတွင်းရှိ အိမ်ထောင်စု (၁၁၆၅) စု၊ စုစု​ပေါင်း​ငွေကျပ် (၂၃၃) သိန်းအား နိုင်ငံတော်မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား နောက်ထပ်တစ်ကြိမ် ထောက်ပံ့ခဲ့သည်။

အဆိုပါထောက်ပံ့ငွေများကို ကျိုက်ဒုံမြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇော်မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအတွက် တစ်အိမ်ထောင် စုလျှင် ငွေ (၂၀၀၀၀) ကျပ် ထောက်ပံ့ပေးအပ်ရာ မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ လက်ခံခဲ့ပြီး သက်ဆိုင်ရာ မြို့ပေါ်/ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများမှ မိမိတို့မြို့ပေါ်ရပ်ကွက် ကျေးရွာများ တွင် နေထိုင်သည့်ပုံမှန် ဝင်ငွေမရရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား လက်ဝယ်အရောက် ပြန်လည်ထောက်ပံ့ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

 

သန်းထွန်းနိုင်(ကျိုက်ဒုံ)ပြန်/ဆက်