သုံးခွမြို့နယ် အလန်းကုန်းကျေးရွာတွင်၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်၀င်တန်း အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ/ဆရာမများအား ဂုဏ်ပြုဆု ချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

သုံးခွ ဩဂုတ် ၁၆

ရန်ကုန်တောင်ပိုင်းခရိုင်၊  သုံးခွမြို့နယ်အလန်းကုန်းကျေးရွာ အခြေခံပညာ အထက်တန်း ကျောင်းတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများနှင့် သင်ကြားပေးသော ဆရာဆရာမများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနား ယမန်နေ့နံနက်(၁၀)နာရီက ကျင်းပခဲ့ကြောင်းသိရှိရသည်။

အခမ်းအနားတွင် အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဆွေက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက သုံး ဘာသာ ဂုဏ်ထူးရှင် မပန်းအိဖြူအား ငွေကျပ်တစ်သိန်း၊ နှစ်ဘာသာဂုဏ်ထူးရှင် မမို့မို့ ဆွေ၊ မောင်အောင်ဖြိုးတို့အား ကျပ်ခြောက်သောင်းကျပ်၊ တစ်ဘာသာဂုဏ်ထူးရှင် မဟေမာန်ရှိုင်းအား ငွေလေးသောင်းကျပ်နှင့် ရိုရိုးအောင်မြင်သူ (၁၁)ဦးတို့အား ငွေသုံးသောင်းကျပ်စီကို ပေးအပ်ခဲ့ပြီးနောက် ပညာသင်ကြားပေးသော ဆရာ/ဆရာမ(၁၀)ဦးကိုယ်စားမိဘဆရာအသင်း အဖွဲ့ဝင် ဦးမျိုးသိန်းက ငွေကျပ်ငါးသိန်းကို လက်ခံရယူခဲ့ကြောင်းသိရသည်။

စည်သူလင်း ပြန်/ဆက်