မိုးနဲ စက်တင်ဘာ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာန၏ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးအထောက်အပံ့ပေးရေး အစီအစဉ်(MCCT)မှ ထောက်ပံ့ကြေးများကို ယနေ့ နံနက် ၉ နာရီ အချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပရာ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် အဖွဲ့ဝင်များ မြို့နယ်လူမှုဝန်ထမ်းဦးစီးမှူး ဒေါ်ခိုင်စံပယ်ဖြူနှင့် တာဝန်ရှိသူများက လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းသို့ ထောက်ပံ့ကြေးများ ပေးအပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းပြီး Mobile Application ဖြင့် ကောက်ယူခဲ့သည့် စာရင်းများအနက် MCCT အစီအစဉ်စာရင်းသွင်းထားသည့် ကိုယ်ဝန်ဆောင်မိခင် (၃၃၂) ဦးနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂) နှစ်အောက် ကလေးငယ်(၄၆၃)ဦးတို့အား တစ်လလျှင် ကျပ် (၁၅၀၀၀)နှုန်းစီဖြင့် (အောက်တိုဘာ ၊နိုဝင်ဘာ ၊ဒီဇင်ဘာ) သုံးလအတွက် တစ်ဦးလျှင် ငွေကျပ် ၄၅၀၀၀ ကိုထောက်ပံ့ကြေး ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ကျန်ရှိသော ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးများအား ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများမှတစ်ဆင့် ထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှ သိရသည်။
မျိုးညွန့်ရွှေ (ပြန်/ဆက်)