ဒေါပုံမြို့နယ်တွင် ပထမအကြိမ်မဲဆန္ဒရှင်စာရင်းကပ်ထားကြေညာရာတွင် လာရောက်ကြည့်ရှုသူ(၂၆၈၀၈)ဦးခန့်ရှိပြီး လျှောက်ထားသူ၊ ကန့်ကွက်သူနှင့်ပြင်ဆင်သူဦးရေ(၄၇၇၇) ဦး ရှိ

ဒေါပုံ   သြဂုတ်    ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊  ဒေါပုံမြို့နယ် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက်  မဲဆန္ဒရှင် စာရင်းများကို  မြို့နယ်အတွင်းရှိ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများတွင်  ဇူလိုင်(၂၅)ရက်မှ ဩဂုတ်(၁၄)နေ့ ရက်အထိ ပထမအကြိမ် ကပ်ထားကြေညာပေးထားရာတွင် လာရောက်ကြည့်ရှုသူဦးရေ( ၂၆၈၀၈)ဦးခန့် ရှိကြောင်းသိရသည်။

ဒေါပုံမြို့နယ်တွင် မဲစာရင်း၍ အမည်စာရင်းမပါရှိ၍ ပုံစံ(၃)ဖြင့် လာရောက်လျှောက်ထားသူ (၃၅၅၇) ဦး၊ မဲစာရင်းတွင် မပါဝင်သင့်သူ များ ပါဝင်နေ၍ ပုံစံ(၄)ဖြင့်လာရောက်ကန့်ကွက်သူ (၂၅၀)ဦး၊ မဲစာရင်းတွင်ကိုယ်ရေးအချက်အလက်များ မှားယွင်းနေသဖြင့် ပြင်ဆင်ရန် ပုံစံ(၄-ဂ)ဖြင့် လာရောက်လျှောက်ထားသူ (၉၇၀)ဦး ရှိကြောင်းသိရသည်။

ဒေါပုံမြို့နယ်တွင် ရပ်ကွက်(၁၄)ရပ်ကွက်တွင် လက်ရှိအချိန်အထိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ (၆၅၄၃၈)ဦးခန့်ရှိပြီး  တိုင်းရင်းသား မဲရုံ(၆၀)ရုံ အပါအဝင် မဲရုံပေါင်း (၆၃)ရုံ ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအတွင်းရေးမှူး ထံမှသိရှိရသည်။

သဲစုစုလွင်