ထားဝယ်မြို့တွင်တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့်ပန်းခင်းစီမံချက်ဆိုင်ရာကိစ္စရပ်များတွေ့ဆုံဆွေးနွေးပွဲကျင်းပ

ထားဝယ်                     စက်တင်ဘာ ၂၄

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်တိုင်းရင်းသားစာပေယဉ်ကျေးမှုကော်မတီဝင်များတိုင်းရင်းသားရေးရာကိစ္စရပ်များနှင့်ပန်းခင်းစီမံချက်ဆိုင်ရာကိစ္စရပ်များတွေ့ဆုံဆွေးနွေးပွဲကိုယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ် အချိန် ထားဝယ်မြို့၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီး ဌာနရုံး၊အစည်းအဝေး ခန်းမ၌ကျင်းပသည်။ ဆွေးနွေးပွဲတွင်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တိုင်းရင်း သားရေးရာဝန်ကြီးစောမာတင်လူသာက တနင်္သာရီ တိုင်းဒေ သကြီးတွင်မွန်၊ ကရင်၊ ထားဝယ်၊ ဆလုံ လူမျိုးများရှိသည့်အတွက်တိုင်းရင်းသားအခွင့်အရေးများရှိကြောင်း၊ လူဝင်မှုကြီး ကြပ် ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန က ပြည်သူများကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးရရှိရေးအတွက် ပန်းခင်း စီမံချက်ဖြင့်ဆောင်ရွက်ပေးနေသောကြောင့် စီမံချက်တွင် တိုင်းရင်းသားအခွင့်အရေး များစွာရှိကြောင်း၊တိုင်းရင်းသားစာပေ နှင့်ယဉ် ကျေးမှုကို တန်ဖိုးထားရှိရန်လိုအပ်ကြောင်း၊ တိုင်းရင်း သားအခွင့်အရေးတန်းတူရရှိရေးဆောင်ရွက်ပေးကြရန်နှင့် ဆောင်ရွက်ပေး နေသော တာဝန်ရှိသူများ ကိုလည်းကျေးဇူတင်ရှိကြောင်းပြောကြားသည်။

ထိုနောက်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်သယံဇာတရေးရာ ဝန်ကြီးဦးခင်မောင်မြင့်က ပန်းခင်းစီမံ ချက်အကြောင်း ဆွေးနွေးပြော ကြားပြီးလူမှုရေးရာဝန်ကြီးဦးယဉ်ထွေးက နို်င်ငံသားစိစစ်ရေး ကတ်ပြားလျှောက်ထားရန်အတွက်ပြည်သူများ အနေဖြင့် အိမ်ထောင်စုလူဦးရေစာရင်းမရှိပါက ယခု နေရပ်တွင် အမြဲနေထိုင်သူဖြစ်ကြောင်း၊မိဘဘိုးဘွားများလက်ထက် ကတည်းက မိသား စုနှင့်အတူ အမြဲနေထိုင်ခဲ့ကြောင်း၊ရပ်/ကျေးမှ ရပ်မိရပ်ဖ၊ဘာသာရေးအဖွဲ့အစည်းများက တိုင်းရင်းသား ဖြစ်ကြောင်းနှင့်  အမြဲနေ ထိုင်ကြောင်းထောက်ခံချက်၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူး ထောက်ခံချက်၊(၅)ဦး ကော်မတီထောက်ခံ ချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းများထုတ်ပေးနိုင်မှာဖြစ်ကြောင်းနှင့် ပန်းခင်း စီမံချက်အကြောင်းရှင်းလင်းဆွေးနွေးပြော ကြားသည်။

ဆက်လက်၍ ထားဝယ်လူမျိုးစုစည်းမှုကော်မတီ၊ ထားဝယ်စာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီ၊ ကရင်စာပေနှင့်ယဉ်ကျေးမှု ကော်မ တီ၊မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ မှ တာဝန်ရှိသူများ က တိုင်းရင်းသားရေးရာကိစ္စရပ်များ နှင့်ပန်းခင်း စီမံချက်ဆိုင်ရာ ကိစ္စရပ် များ အကြောင်း ရှင်းလင်း ဆွေးနွေးတင်ပြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 (တိုင်းဒေသကြီးပြန်/ဆက်)