လမ်းမတော် ဩဂုတ် ၁၆
လမ်းမတော်မြို့နယ် UMFCCI တွင် UMFCCI Webinar Series Episode (10) ကို“Business Combination -Merger and Acquisition (စီးပွားရေးလုပ်ငန်းများပေါင်းစည်းခြင်း)” ခေါင်းစဉ်ဖြင့်ဩဂုတ် ၁၉ ရက်နေ့ မှာ UMFCCI Facebook Page ကနေ တိုက်ရိုက်(Live Streaming) ထုတ်လွှင့်ပေးသွားမှာဖြစ်ကြောင်း Live မတိုင်ခင် လူကြီးမင်းတို့ သိရှိမေးမြန်း လိုသည်များအတွက်ကြိုတင်မေးခွန်းများပေးပို့ထားနိုင်ပြီဖြစ်ပြီး UMFCCI မှ ရိုက်ကူးထုတ်လွှင့်ပေးလျက်ရှိတဲ့ UMFCCI Webinar Series: New Beginnings through Renewed Partnerships ကိုသက်ဆိုင်ရာနယ်ပယ် အသီးသီးမှ ပညာရှင်များ၊ တာဝန်ရှိပုဂ္ဂိုလ်များရဲ့ အကြံဉာဏ်၊ အ တွေးအမြင်၊ အယူအဆများကိုယ်တိုင် ပါဝင်တင်ဆက်ပေးလျက်ရှိနေပြီးယခု Episode 10 မှာဆွေးနွေးဖို့် ပါဝင်လာတဲ့ ပုဂ္ဂိုလ်များကတော့ -Moderator & Speaker -ဒေါက်တာတင်လတ် (Managing Partner, MAT Audit & Professional Services)၊ Speaker- ဒေါက်တာမျိုးသန့် (Managing Director, Zar & Zar Co.,Ltd)Speaker- ဒေါ်နန်းကလျာဝင်း (CEO, Asian Fame Media Group)၊ Speaker- ဦးသန်းမောင် (Legal Expert, Legal Affairs Department, UMFCCI) တို့ပဲဖြစ်ပါတယ်။
ယခုဆွေးနွေးပွဲမှာလုပ်ငန်းကြီးအများစုတွေမှာကြုံတွေ့ရတဲ့ Business Combination (Mergers & Acquisitions) အကြောင်းအရာတို့နဲ့ ပတ်သက်ပြီးဆွေးနွေးသွားမှာပါ။ ကုမ္ပဏီများပူးပေါင်းခြင်းဟာ (Merge) ဖြစ်ပြီးကုမ္ပဏီတစ်ခု ကို ဝယ်ယူ လိုက်ခြင်းဟာ (Acquisitions) ဖြစ်ပါတယ်။ ထိုကဲ့သို့ပြုလုပ်ရာတွင် မိမိတို့ရဲ့လုပ်ငန်းများရှင်သန်ရပ်တည်ရေးအတွက် မဟာဗျူဟာ ကျကျနည်းလမ်းတွေကို စဉ်းစားပြီး အကောင်အထည်ဖော်ရမယ့် အချက်တွေအများကြီးလိုအပ်ပါတယ်။
စီးပွားရေးလုပ်ငန်းများ၊ ကုမ္ပဏီများ တစ်ခုနဲ့တစ်ခုပူးပေါင်းလိုက်ပြီဆိုရင် ပိုင်ဆိုင်မှုနဲ့အုပ်ချုပ်မှုအပိုင်းတို့ကို အချိုးကျ ဝေမျှကြရပါတယ်။ ဒီလိုပြုလုပ် အကောင်အထည်ဖော်ရာမှာရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်တွေသိသင့်သိထိုက်တဲ့ ဗဟုသုတများနဲ့ ပညာရပ်များကို လက်တွေ့ စီးပွားရေးလောကမှာ လုပ်ငန်းများ လုပ်ကိုင်နေပြီးအတွေ့အကြုံရှိကြတဲ့ လုပ်ငန်းရှင်များ၊ ပညာရှင်များကိုယ်တိုင် မျှဝေဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။
ဒီအစီအစဉ်မှာပါဝင်ဆွေးနွေးပေးသွားမယ့်ပုဂ္ဂိုလ်များကိုမေးမြန်းလိုတဲ့ အချက်အလက်များ၊ မေးမြန်းသူတို့၏အတွေးအမြင်၊ အယူအဆများနဲ့ အကြံပြုလိုသည်များရှိပါက ၂၀၂၀ပြည့်နှစ်ဩဂုတ်လ ၁၇ ရက် (တနင်္လာနေ့)ညနေ ၄ နာရီအချိန်အထိ နောက်ဆုံးထားပေးပို့နိုင်ပါတယ်။ လူကြီးမင်းတို့ပေးပို့လာတဲ့ အဆိုပါမေးခွန်းများနဲ့ အကြံပြုချက်များကိုဖော်ပြပါအစီအစဉ် Live Streaming ထုတ်လွှင့် ဆွေးနွေးနေတဲ့အချိန်မှာ တစ်ပါတည်း ထည့်သွင်းဖြေကြားပေးသွားမှာဖြစ်ပါတယ်။ အစီအစဉ်ကို Live Streaming အနေနဲ့ တိုက်ရိုက်ထုတ်လွှင့်ပေးသွားမယ့်ရက်ကတော့ ၂၀၂၀ပြည့်နှစ် ဩဂုတ်လ ၁၉ ရက်နေ့ (ဗုဒ္ဓဟူးနေ့) ညနေ -၃ နာရီအချိန်မှာ ဖြစ်ပြီး UMFCCI Facebook Page ကနေစောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်းနှင့် pr@umfcci.com.mm သို့ အီးမေးလ် ပေးပို့ရမည် ဖြစ်ကြောင်း သိရသည်။
ကျော်ဆန်းမြင့်