ညောင်လေးပင်ကျေးရွာရှိဒေသခံပြည်သူများအား  ကိုဗစ် -၁၉ရောဂါပိုးရှိ/မရှိ နယ်လှည့်ကွင်းဆင်းစစ်ဆေး

တကောင်း     စက်တင်ဘာ   ၂၄

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးကြီးကြပ်မှုကော်မတီမှ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ ဒေသခံ ပြည်သူများအား ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ နယ်လှည့်ကွင်းဆင်းစစ်ဆေးပေးလျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီက ဖုန်ကုန်းကျေးရွာအုပ်စု၊ ညောင်လေးပင်ကျေးရွာ တာဝန်ခံရုံးတွင်  Test Kitဖြင့် ဆေးစစ်ဆေးမှုပြု လုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့နယ်လှည့်ကွင်းဆင်းစစ်ဆေးပေးရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေး မှူးဦးမင်းဝေဇံ ဦးဆောင်ကာ စေတနာ့ဝန်ထမ်းများ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ကြီးကြပ်မှုကော်မတီမှ Volunteerများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများက ညောင်လေး ပင်ကျေးရွာ ရှိဒေသခံပြည်သူ (၂၀၀)ဦးအား ရောဂါပိုးရှိ/မရှိစစ်ဆေးခဲ့ရာ ကျား (၁၆)ဦး၊ မ (၁၀)ဦး စုစုပေါင်း (၂၆)ဦး တွင်ရောဂါပိုးတွေ့ရှိခဲ့ပြီး ပိုးတွေ့လူနာများအား တကောင်းမြို့ တိုက်နယ်ဆေးရုံ ဟောင်း ကုသရေးစင်တာတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးကြီးကြပ်မှုကော်မတီထံမှ သိရသည်။

 မြို့နယ်(ပြန်/ဆက်)