ကလိန်အောင် စက်တင်ဘာ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားခဲ့ သူများအနက် ထိခိုက်လွယ်အုပ်စုဖြစ်သော အသက်(၆၀)နှစ်နှင့်အထက်သက်ကြီးရွယ်အိုများ နှင့်အသက်(၅)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ၃နာရီအချိန်ခန့်က ကလိန်အောင်မြို့ မြို့အုပ်ချုပ်ရေးမှူးဦးအောင်နိုင်နှင့် ရပ်ကျေး အုပ်ချုပ်ရေးမှူးများက နေအိမ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကလိန်အောင်မြို့တွင် ယနေ့အချိန်အထိ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားခဲ့သူ (၈၀)ဦး ရှိခဲ့သည့် အနက် အသက်(၆၀)နှစ်နှင့် အထက်သက်ကြီးရွယ်အို(၅)ဦးနှင့် အသက်(၅)နှစ်အောက် ကလေးငယ်(၂)ဦးစုစုပေါင်း(၇)ဦးတို့သည် ကိုဗစ်-၁၉ ရောဂါကြောင့်ရေဖြူဆေးရုံ၊ ကိုဗစ် စင်တာတွင် ဆေးကုသမှုခံယူခဲ့သည်။
အဆိုပါရောဂါဖြစ်ပွားခဲ့သူ(၇)ဦးတို့အား တစ်ဦးလျှင်ငွေ(၃၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်းငွေ (၂၁၀၀၀၀/-)ကျပ်ကို တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနက ထောက်ပံ့ပေးခြင်းဖြစ်ပြီး ကလိန်အောင်မြို့ မြို့အုပ်ချုပ်ရေးမှူးဦးအောင်နိုင်နှင့် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများကတဆင့် နေအိမ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုးမိုးခိုင်(ကလိန်အောင်)