ညောင်ဦး စက်တင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ဆေး ဒုတိယကြိမ် ဒုတိယနေ့ထိုးနှံခြင်းအား ယနေ့နံနက် ၉ နာရီအချိန်က စတင်ပြီး အမှတ်-၅ ရပ်ရှိ ရွှေစည်းခုံစေတီတော်ဝတ္တကနယ်မြေအတွင်းရှိ ဝေဇယန္တာဗိမ္ဗာန် တော်ကြီးတွင် စတင်ထိုးနှံပေးလျက် ရှိကြောင်း ညောင်ဦးမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့် ထံကသိရသည်။
ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံခြင်း အား ဇူလိုင် ၃၁ ရက်နေ့က စတင်ထိုးနှံပေးခဲ့ရာ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာ ကွယ်ဆေးထိုးနှံခြင်းအား ၁၁၃၄၅ ဦး ထိုးနှံပေးနိုင်ခဲ့ကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ထံက သိရသည်။
ညောင်ဦးမြို့နယ်၌ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းအား ညောင်ဦးမြို့၊ ရွှေ စည်းခုံစေတီတော်ကြီး ဝတ္တကနယ်မြေ ဝေဇယန္တာဗိမ္ဗာန် တော်ကြီးတွင်လည်းကောင်း၊ ပုဂံမြို့အခြေခံပညာအထန်းတန်းကျောင်းတွင်လည်းကောင်း၊ ငါ့သရောက်မြို့ တိုက်နယ် ပြည်သူ့ဆေးရုံကြီးနှင့် တောင်ဇင်း အခြေခံပညာအထက်တန်းကျောင်းတို့တွင်စတင်ထိုးနှံ ပေးလျှက်ရှိကြောင်းသိရပြီး ညောင်ဦးမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ဆေးခွဲတမ်း ၃၅၉၈ လုံးရရှိပြီး လူဦးရေ ၁၇၉၉၀ဦးထိုးနှံပေးနိုင်မည်ဖြစ် ကြောင်းသိရသည်။ ပသထမအကြိမ်ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ဆေးထိုးပေးခြင်းအား အသက် ၆၅ နှစ်အထက် အဘိုးအဘွားများ၊ ရဟန်း/သံဃာများ၊ နိုင်ငံ့ဝန်ထမ်းများကို ထိုးနှံပေးနိုင်ခဲ့ပြီး၊ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ဆေးထိုးခြင်းအား အသက် ၅၅နှစ်မှ ၅၉နှစ်အတွင်းနှင့်အသက် ၆၀နှစ်မှအသက် ၆၉ နှစ်အထက်သက်ကြီး အဘိုးအဘွားများအားကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရကာ စက်တင်ဘာ ၂၂ရက်နေ့တွင် ၁၂၂၅၊စက်တင်ဘာ ၂၃ရက်နေ့တွင် ၂၀၄၅ ဦးထိုးနှံပေးခဲ့ပြီးဖြစ်ကာ စက်တင်ဘာ ၂၄ရက်၊ယနေ့တွင်လည်း ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်းသိရပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံသည့် နေရာများသို့ ညောင်ဦးမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဦက္ကဋ္ဌ ဦးနန်းတင့်နှင့် တာဝန်ရှိသူများက ကိုဗစ်ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား အားပေးစကားပြောကြားခဲ့ကြောင်း၊ ကာကွယ်ဆေး စနစ်တကျထိုးနှံနိုင်ရေး သတ်မှတ်စုရပ်များကို လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
ကိုထိန်၊KPD