လှိုင်းဘွဲ စက်တင်ဘာလ ၂၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် မြို့မဘုန်းတော်ကြီးကျောင်းတွင် ဆရာတော်/သံဃာတော် များအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ထိုးနှံပေးခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်း၊ စစ်ဗျူဟာအခြေချ (လှိုင်းဘွဲ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စံထူးကျော်နှင့် တာဝန်ရှိသူများက သွားရောက်ဖူးမျှော်ခဲ့ကြောင်း သိရသည်။
ဆရာတော်/သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် စစ်ဗျူဟာအခြေချ (လှိုင်းဘွဲ) မှ ခွဲစိတ်ပါရဂူ ဗိုလ်ကြီးအေးမင်းစိုးနှင့် တပ်ဖွဲ့များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး လမ်းညွန်ချက်နှင့်အညီ ဆရာတော်/ သံဃာတော်များအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာပေးခြင်းနှင့် ဖျားနာခြင်း၊ သွေးတိုးရောဂါ ရှိ/မရှိတို့ကို စစ်ဆေး ဆောင်ရွက်ပေးခဲ့ပြီး မြို့မဘုန်းတော်ကြီးကျောင်းရှိ ဆရာတော်/သံဃာတော်(၃၂)ပါးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)