ပုသိမ်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်း ဆောင်ရွက်

ပုသိမ်ကြီး စက်တင်ဘာ ၂၃

မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ စည်သာယာရပ်ကွက်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ အသိပညာပေး နှိုးဆော် ခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ပြည်သူများသိရှိလိုက်နာနိုင်ရန်  အသိပေးနှိုးဆော်ခြင်းအား ဆောင်ရွက်ခဲ့သည်။

အသိပေးနှိုးဆော်ရာတွင် နေအိမ်အပြင်ထွက်လျှင် ပါးစပ်နှင့်နှာခေါင်းစီး (Mask)ကို စနစ်တကျ တပ်ဆင်ရန်၊ လူအများနှင့်ထိတွေ့ဆက်ဆံရပါက မျက်နှာအကာ(Face Shield)ကို တွဲဖက် တပ်ဆင် အသုံးပြုရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်လုပ်ကိုင်ရန်၊ လူစုလူဝေး ရှောင်ကြဉ် ရန်၊ လက်ကို စက္ကန့်(၂ဝ)ခန့် မကြာခဏဆေးပေးရန်၊ အလုံပိတ်ခန်းများ၊ အဲကွန်း(aircon) ခန်းများ၊ လေဝင်လေထွက် မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ အတတ်နိုင်ဆုံး ရှောင်ကြဉ်ရန် ၊ အိမ်အပြင်သို့ ထွက်လေ့ရှိသူများအနေဖြင့် အိမ်ရှိ အသက်(၆၀)နှင့်အထက် အသက်အရွယ်ကြီးရင့်သူ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ စသည့်နာတာရှည် ရောဂါအခံ ရှိသူများနှင့် အနီးကပ်နေထိုင်ခြင်း၊ အတူစားသောက်ခြင်း တို့မှရှောင်ကြဉ်ရန် ၊ အသွား အလာတားမြစ် ပိတ်ပင်၍သီးသန့်ခွဲခြား နေထိုင်ရန်၊ Quarantine လုပ်ငန်း စဉ်များတွင် အပြည့် အဝပူးပေါင်းပါဝင်ရန်၊ တစ်ဦးနှင့်တစ်ဦး အချင်းချင်းသတိပေးရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးလုပ်ငန်းများတွင်ပူးပေါင်း ပါဝင်ရန်၊ ကာကွယ်ဆေး ထိုးပြီးသော်လည်း ကာကွယ်ရေး နည်းလမ်းများကို ဆက်လက်လိုက်နာဆောင်ရွက်သွားရန်၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန် ထားသောညွှန်ကြားချက်များနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်သွားရန် စသည့်အချက် များကို ပြည်သူလူထုအနေဖြင့် မဖြစ်မနေ ဆောင်ရွက်သွားကြရန် အသိပေးနှိုးဆော်ခဲ့ခြင်းအား မြို့နယ်ဦးစီးမှူး ဒေါ်ကြည်ကြည်နွဲ့နှင့် ဝန်ထမ်းများက ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

 

ဇာနည်ကိုကို