မိုင်းဆတ် စက်တင်ဘာ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပြည်သူများကျန်းမာရေးအသိဖြင့် ပူးပေါင်းပါဝင်စေရန် အသိပညာပေး ကြေညာခြင်းကို ယနေ့နံနက် (၇) နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ ကြေညာခြင်းကို ကျဒယ်ရပ်ကွက်၊ မယ်ဆွမ်တောင်ရပ်ကွက်နှင့် နောင်ဟီး(ရပ်)တို့တွင် အသံချဲ့စက်ဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ပြည်သူများ ကျန်းမာရေးအသိဖြင့် ပူးပေါင်းပါဝင်ရေး အသိပညာပေး နှိုးဆော်ခဲ့သည်။
ထိုသို့ အသိပညာပေးနှိုးဆော်ခြင်းကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သင်းသပြေခင်နှင့် ဝန်ထမ်းများက ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
မြင့်မောင်(မိုင်းဆတ်)