ဆွမ်ပရာဘွမ် ဩဂုတ် ၁၆
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များအား အာဟာ ရဖွံ့ဖြိုးရေးရက်သတ္တပတ်ဟောပြောပွဲကိုယမန်နေ့ မွန်းတည့် ၁၂ နာရီက မြို့နယ် မိခင်ကလေးနှင့် ကျန်းမာ ရေးဌာနတွင် ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ကိုယ်ဝန်ဆောင်စဉ် အစာပိုပြီးစားသင့်ကြောင်း၊ ကိုယ်ဝန်စောင့်ရှောက်မှု ခံယူမှုများ အကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်အိုင်အိုဒင်းအာဟာရချိုတဲ့လျှင် ဖြစ်တတ်သော အကြောင်းအရင်းများ၊ ကလေးငယ်များ အိုင်အိုဒင်းအာဟာရချိုတဲ့လျှင် ဖြစ်တတ်သော အကြောင်းအရင်းများ၊ အိုင်အိုဒင်းဆား လူတိုင်းစားသင့် ကြောင်း၊ နို့တိုက်မိခင်များမှ ကလေးငယ် များကို အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လုပ်ဆောင်ရမည့်လုပ်ငန်း များအကြောင်း၊ အာဟာရ ပြည့်လျှင် ရောဂါစင် ပျော်ရွှင်ကျန်းမာစိတ်ချမ်းသာကြောင်း စသည့်ကျန်းမာရေး စောင့်ရှောက်မှု ဆိုင်ရာ သိကောင်းစရာများကို မြို့နယ်ကျန်းမာရေးမှူးအဆင့်(၁) ဒေါ်ဂျေလုဂျာနှင့် ဝန်ထမ်းများ ဟောပြောကြသည်။
ဟောပြောပွဲသို့ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်(၂၉) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ကုဋေ (ဆွမ်ပရာဘွမ် ပြန်/ဆက်)