နွားထိုးကြီးမြို့နယ်တွင် အသက်(၅၅)နှစ်နဲ့ (၆၄)နှစ်ကြားပြည်သူများနှင့် ဆွံ့အမသန်စွမ်းသူများ အား ပထမအကြိမ် ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးထိုးနှံ

နွားထိုးကြီး ၊ စက်တင်ဘာ ၂၂

                  

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် အသက် (၅၅)နှစ်နဲ့(၆၄)နှစ်ကြားပြည်သူများနှင့် မသန်စွမ်း သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း ကို ယနေ့ နံနက် ၉ နာရီကစတင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထိုးနှံပေး လျက်  ရှိကြောင်းသိရသည်။

                  

ယခု ထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူ သမ္မတနိုင်ငံမှ ထုတ်လုပ်သော  5 Dose အမျိုးအစားဖြစ်ပြီး အသက်(၅၅)နှစ်နဲ့ (၆၄)နှစ်ကြား ပြည်သူများနှင့် ဆွံ့အမသန်စွမ်းသူများ,ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်း(၁၂)ဦး၊ အခြား ဝင်ငွေရှိသော လုပ်ကိုင်သူ (၅၆၂)ဦး၊မသန်စွမ်း သူ (၅)ဦး၊မှီခိုသူ (၅၆၁)ဦး စုစုပေါင်း (၁၁၂၀)ဦးအား အဆိုပါ ဆေးထိုးခြင်း လုပ်ငန်းများကို မြို့နယ် ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး ကော်မတီအဖွဲ့ဝင်နှင့် ပူးပေါင်း ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။

 

သန်းအောင်ဇော်