ကျောက်ဆည်မြို့နယ်တွင် ဆီထွက်သီးနှံ(၆၆၉၉)ဧက စိုက်ပျိုးပြီးစီး

ကျောက်ဆည် စက်တင်ဘာ ၂၂

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်း စားသုံးဆီဖူလုံရေးအတွက် ၂၀၂၁-၂၀၂၂ ခုနှစ် မိုးရာသီတွင် ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်းနှင့် နေကြာ  စိုက်ဧကပေါင်း (၆၆၉၉)ဧက စိုက် ပျိုးပြီးစီးကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။

 

ဆီထွက်သီနှံများစိုက်ပျိုးရာတွင် မြေပဲသီးနှံကို သင်းတွဲ စိုက်ပျိုးရေးနည်းပညာပေး စခန်းတွင် (၁၆၂) ဧက၊  သင်းဒီး စိုက်ပျိုးရေးနည်းပညာပေးစခန်းတွင် (၂၀)ဧက၊ စမာ စိုက်ပျိုးရေးနည်းပညာပေး စခန်းတွင် (၉၈)ဧက စုစုပေါင်း(၂၈၀)ဧက၊ နှမ်းသီးနှံကို မင်းရဲ စိုက်ပျိုးရေးနည်းပညာပေး စခန်းတွင် (၈၀)ဧက၊ သင်းတွဲ စိုက်ပျိုးရေးနည်းပညာပေးစခန်းတွင် (၉၅၂)ဧက၊ သင်းဒီး စိုက်ပျိုး ရေးနည်းပညာပေးစခန်းတွင် (၁၅၀၀) ဧက၊ ထုံးကြီး စိုက်ပျိုးရေးနည်းပညာပေးစခန်းတွင် (၂၅)ဧက၊ စမာ စိုက်ပျိုးရေးနည်းပညာပေး စခန်းတွင်(၁၅၀၀)ဧက စုစုပေါင်း(၄၀၅၇)ဧက၊ နေကြာသီးနှံကို သင်းတွဲ စိုက်ပျိုးရေးနည်းပညာပေးစခန်းတွင် (၁၃၀၄)ဧက၊ သင်းဒီး စိုက်ပျိုးရေးနည်းပညာပေးစခန်းတွင် (၂၁၀) ဧက၊ စမာ စိုက်ပျိုးရေးနည်းပညာပေး စခန်းတွင် (၇၄၂)ဧက၊ တမုတ် စိုက်ပျိုးရေးနည်းပညာပေးစခန်း တွင် (၄၅)ဧက စုစုပေါင်း (၂၃၀၁)ဧက စိုက်ပျိုးရန် လျာထားခဲ့ကြောင်း သိရှိရသည်။

 

ကျောက်ဆည်မြို့နယ်အနေဖြင့် ၂၀၂၁-၂၀၂၂ ခုနှစ်တွင် မိုးရာသီတွင်ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ စိုက်ဧက (၃၉၀)ဧက၊ နှမ်းစိုက်ဧက(၄၀၁၂)ဧက၊ နေကြာစိုက်ဧက(၂၂၉၇)ဧကစုစုပေါင်း(၆၆၉၉) စိုက်ပျိုး နိုင်ခဲ့ကြောင်းနှင့် ဆီထွက်သီးနှံများ အထွက်နှုန်းကောင်း မွန်စေရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများမှ စိုက်ကွင်းများသို့ ကွင်းဆင်း၍ နည်းပညာများပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

တင်တင်ထွေး