မြင်းခြံ စက်တင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် ကိုဗစ်-၁၉ကူးစက်ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသံချဲ့စက်ဖြင့် ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအား မြို့နယ်အတွင်း၌ လှည့်လည် အသိပေး နှိုးဆော်လျက်ရှိသည်။
အသိပေးနှိုးဆော်ရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အများပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး မိမိတို့နေအိမ် များ၌သာ နေထိုင်ကြရန်၊ မဖြစ်မနေ အပြင်သို့ထွက်ခွာပါက နှာခေါင်းစည်း (Mask)များ မဖြစ်မနေတပ်ဆင်ကြရန်နှင့် မကြာခဏ လက်ဆေးကြရန်၊ လူစုလူဝေးပြုမူခြင်းများအား ရှောင်ကျဉ်ကြရန်၊ ရပ်ဝေးရပ်နီး ဧည့်သည်များအား လက်ခံခြင်းမပြုရန်၊ မိမိတို့ကိုယ်တိုင် ဖျားခြင်း၊နာခြင်း၊ ကိုဗစ်-၁၉ရောဂါ လက္ခဏာများဖြစ်ပွားခြင်းနှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ရပ်ကွက်/ ကျေးရွာ တာဝန်ရှိသူများနှင့် ကျန်းမာရေးဌာနများသို့ သတင်းပို့ဆောင်ရွက်ရန်တို့အား အသိပညာပေး နှိုးဆော်ခဲ့ကြသည်။
ကျော်စွာ(မြင်းခြံ)