မိုင်းဆတ် ဩဂုတ် ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများ အတွက် ဒုတိယအကြိမ်ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့ နံနက် (၇)နာရီက စတင်၍ ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ အိမ်ထောင်စုများ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကာလ၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအတွက် ဒုတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်ရာ အိမ်ထောင်စု(၂၃၈၁)စုရှိသည့်အနက် မြို့ပေါ် ရပ်ကွက်(၆)ရပ်ကွက်ရှိ အခြေခံလူတန်းစား အိမ်ထောင်စု (၂၃၃)စုအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် (၂၀၀၀၀)ကျပ် နှုန်း ဖြင့် စုစုပေါင်းငွေကျပ် (၄၃,၃၆၀၀၀)အား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် နိုင်ငံရေး ပါတီဝင်တို့က ရပ်ကွက်များသို့ကွင်းဆင်း၍ အခြေခံလူတန်းစား အိမ်ထောင်စုများ လက်ဝယ် အရောက် ထောက်ပံ့ ပေးအပ်ခဲ့ပြီး ကျန်ရှိနေသော အိမ်ထောင်စုများအား ဆက်လက်ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
မြင့်မောင်(ပြန်/ဆက်)