လှိုင်းဘွဲ စက်တင်ဘာလ ၂၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် နိုင်ရန်အတွက် တတိယအသုတ်(ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို စက်တင် ဘာလ(၁၈)ရက်နေ့မှ စတင်ကာ အသက်(၅၅)နှစ်အထက် ပြည်သူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ တပ်ရင်း/တပ်ဖွဲ့ဝင်များ၊ ရွှေ့ပြောင်း လူအုပ်စုများနှင့် ယာယီစခန်းမှ ပြည်သူ လူထုများ၊ နာတာရှည်နှင့် မကူးစက်နိုင်သော ရောဂါရှိသူများအား ကာကွယ် ဆေးထိုးနှံပေးခဲ့ရာ ယနေ့နံနက်ပိုင်းကလှိုင်းဘွဲမြို့ အောင်ဆန်းခန်းမ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုကို ကရင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်စွာမြင့်က လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းကို ကရင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်စွာမြင့် နှင့်တာဝန်ရှိသူများက လှိုင်းဘွဲမြို့ အောင်ဆန်းခန်းမတွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံမှု အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ လမ်းညွှန်ချက်နှင့်အညီ ဆေးထိုးနှံနေမှုအခြေအနေတို့ကို ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြား ခဲ့သည်။
လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စောငြိမ်းထွန်းမှ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာစုရပ်(၅)ခုတွင် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို လမ်းညွှန်ချက်နှင့်အညီ ပြည်သူများအနေဖြင့် ထိုးနှံ နိုင်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြပြီး လှိုင်းဘွဲမြို့ အောင်ဆန်းခန်းမ၊ ရွှေဂွန်း တိုက်နယ်ဆေးရုံ၊ မြိုင်ကြီးငူတိုက်နယ်ဆေးရုံ၊ ပိုင်ကျုံမြို့ တိုက်နယ်ဆေးရုံနှင့် ရှမ်းရွာသစ် တိုက်နယ်ဆေးရုံ စုရပ်(၅)ခုတွင် စက်တင်ဘာလ(၁၈)ရက်နေ့ ယမန်နေ့အထိ အစိုးရကျန်းမာရေး ဝန်ထမ်း(၁၃)ဦး၊ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်း(၁၆)ဦး၊စေတနာ/ပရဟိတ ဝန်ထမ်း(၅၀၄)ဦး၊သာသနာ့ဝန်ထမ်း (၁၂၉)ဦး၊နိုင်ငံဝန်ထမ်း(၅၃၇)ဦး၊ အလုပ်ရုံ ဝန်ထမ်း(၂၅)ဦး၊ ပို့ဆောင်ရေးလုပ်ငန်း(၄၇)ဦး၊ ပုဂ္ဂလိဘဏ်ဝန်ထမ်း(၁)ဦး၊ အကျဉ်းသား(၁)ဦး၊ ပညာရေးဝန်ဆောင်မှုလုပ်ငန်း (၁၂)ဦး၊ EAOs များ(၃)ဦး၊ နိုင်ငံတကာ ဝင်/ထွက်ပေါက်များတွင် တာဝန်ယူထားသော လုပ်ငန်းရှင်များမှ ဝန်ထမ်း(၉)ဦး၊ အခြား ဝင်ငွေရှိသော လုပ်ငန်းလုပ်ကိုင်သူများ(၄၅၄၆)ဦး၊ စားသောက်ဆိုင်များမှ ဝန်ထမ်း(၄၅၂)ဦး၊ မှီခို(၂၇၄၁)ဦး၊ မသန်စွမ်းသူ(၁)ဦး စုစုပေါင်း (၉၀၃၇)ဦး ထိုးနှံပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)