ရန်ကုန် စက်တင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန် အတွက် အသက် ၆၅ နှစ်နှင့်အထက် ဘိုးဘွားများ၊ အစိုးရ/ ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ အကျဉ်းသူ/ သားများ လူမျိုးဘာသာမရွေး ဦးစားပေး အစီအစဉ်အလိုက် ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယမန်နေ့အထိ ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသူ (၇၈၈၇) ဦး ထိုးနှံပြီးကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၅၅)နှစ်အထက် အသက် အရွယ်ရှိပြည်သူ များအား ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို စက်တင်ဘာလ ၁၇ ရက်နေ့မှ စတင်၍ မြို့နယ်အတွင်း (၁၆)ရပ်ကွက်ရှိမြို့ဦးစေတီ၊ (၃၃) ရပ်ကွက်ရှိ ငါးမာန်အောင် ဘုရားဝင်း၊ (၄၄) ရပ်ကွက် ဓမ္မာရုံ၊ အထက(၃)ကျောင်းနှင့် အထက(၄) ကျောင်းတို့တွင် စုရပ်ငါးနေရာ သတ်မှတ်ပြီး ထိုးနှံပေးလျက်ရှိရာ စက်တင်ဘာ ၂၁ ရက်နေ့အထိ ကာကွယ်ဆေး လာရောက်ထိုးနှံခဲ့ကြသူ ၁၂၄၅ ဦးရှိကြောင်း သိရ သည်။
မြင့်မြင့်ရီ(ပြန်/ဆက်)