သာကေတမြို့နယ်၌ အသက်(၅၅)နှစ်နှင့် (၆၄)နှစ်အတွင်းရှိ ပြည်သူများနှင့် မသန်စွမ်းသူ၊ နာတာရှည်ရောဂါရှိသူ ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးစတင်ထိုးနှံ

သာကေတ စက်တင်ဘာ ၂၂

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်ရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်းစေရန် အတွက် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းအား ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉)နာရီတွင် (၃)ရန်ပြေရပ်ကွက်၊ ဗုဒ္ဓဝယာဝစ္စဓမ္မာရုံ၌ အသက်(၅၅)နှစ်နှင့် (၆၄)နှစ်အတွင်းရှိ ပြည်သူများ၊ မသန်းစွမ်းသူ၊ နာတာရှည်ရောဂါရှိသူ ပြည်သူများအား မြို့နယ်ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှ လိုအပ်သည်များ ပေါင်းစပ် ဆောင်ရွက်ခြင်းဖြင့် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံခဲ့ပါသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာ၌ ၃/ရန်ပြေရပ်ကွက်၊ ၃/မာန်ပြေရပ်ကွက်၊ ၄/တောင်ရပ်ကွက်၊ ၄/မြောက်ရပ်ကွက်၊ ၅/ရပ်ကွက်ရှိ ပြည်သူ (၅၀၀)ဦးအား ထိုးနှံခြင်းဖြစ်ပြီး အသက်(၆၅)နှစ်နှင့်အထက် ပြည်သူများ အပါအဝင် ဦးစားပေးအဆင့်လိုက် ပြည်သူများနှင့် စက်ရုံ၊ အလုပ်ရုံဝန်ထမ်းများအား ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးနှံရာ၌ ကျန်ရှိသည့် ပြည်သူ(၁၀၀၈)ဦးအား အ-ထ-က-၁ အခြေခံပညာအထက်တန်းကျောင်း၊ (၁၀၈) တောင်ဘုရားဝင်း၊ စက်မှုလက်မှု ရပ်ကွက်စသည့် စုရပ်(၃) နေရာများ၌ ဆက်လက်ထိုးနှံလျက်ရှိကြောင်း သိရှိရသည်။

ဆောင်းနှင်းဖြူ