သပိတ်ကျင်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် (၂၇၀၀) ကျော် ဆောင်ရွက်ပြီးစီး

သပိတ်ကျင်း စက်တင်ဘာ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ နိုင်ငံသားစိစစ်ရေးကဒ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့အထိ နိုင်ငံသားစိစစ်ရေးကတ် (၂၇၃၅) ဦးနှင့် အိမ်ထောင်စုလူဦးရေစာရင်း (၃၈၀) ကျော် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးမှူး၏ ပြောပြချက်အရ သိရှိရသည်။

ပန်းခင်းစီမံချက်ဖြင့် သပိတ်ကျင်းမြို့နယ်အတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်မည် ဖြစ်ပါက အသက်(၁၈)နှစ်ပြည့်ပြီးသူ နိုင်ငံသားတိုင်း ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးကို ကိုင်ဆောင်နိုင်ရေး၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးမှူးရုံးမှ ပြည်သူများအား ကုန်ကျစရိတ်ကျခံရန် မလိုပဲ မြို့နယ်ရုံးများနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးရုံးများ၌ ကြိုတင်အသိပေးထားသည့် ယူဆောင်ရမည့် အထောက်အထား များယူ၍ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ဆက်သွယ်ဆောင်ရွက်ရန် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ အသိပေး နှိုးဆော်ထားကြောင်း သိရသည်။

သပိတ်ကျင်းမြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားလုပ်ငန်းများ ဆောင်ရွက်ရန် ကျန်ရှိနေသူများအားလုံးကို စီမံချက်ကာလ အတွင်း အပြီးဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။