ကျောက်ပန်းတောင်း ဩဂုတ် ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မိုးမြေပဲများနုတ်သိမ်းချိန် ရောက်ရှိနေပြီဖြစ်သဖြင့် လူအား ဖြင့်မြေပဲဆွတ်ခေါ်ယူအသုံးမပြုကြတော့ပဲ၊ မိုးလေအမီအမြန် ပြီးစီးနိုင်ရေးအတွက် စက်များဖြင့်ချွေလှေ့နေကြပြီဖြစ်ရာ ချွေလှေ့ စက်အငှားလိုက်သူများ လုပ်ငန်း အဆင်ပြေလျက်ရှိကြောင်းသိရသည်။
ကျောက်ပန်းတောင်းမြို့နယ်အတွင်း မိုးမြေပဲများကို ကဆုန်လဆန်းမှစတင်စိုက်ပျိုးခဲ့ကြပြီး၊ မိုးဦးမိုးရွာသွန်းမှု ကောင်းမွန်သဖြင့် တောင်သူများစိုက်ပျိုးရာသီအစတွင် အဆင်ပြေ ခဲ့ကြ သော်လည်း မိုးလယ်ကာလတွင် မတ်လမှစ၍ ဧပြီ တစ်လ လုံးနည်းပါး မိုးရွာသွန်းမှု နည်းပါး သွားသဖြင့် နှမ်းသီးနှံများ ဒေသအချို့တွင်ပျက်စီးခဲ့ပြီး ဒေသအချို့တွင် အနည်းငယ် ရရှိခဲ့သော် လည်း မှန်းချက်နှင့် နှမ်းထွက် မကိုက်ဖြစ်ခဲ့ရကြောင်းသိရသည်။
ထို့နည်းအတူ မိုးမြေပဲများတွင် ဒေသအခေါ် စွယ်ချချိန် မိုးရွာသွန်းမှုနည်းပါး သွားခဲ့ပြိီး အသီး အားယူချိန်တွင် မိုးပြတ်သွားခဲ့သဖြင့် အပင်သန်ကာ၊ အသီးပါသော်လည်း မြေပဲအဆန် ပါဝင်မှုနည်းပါးပြီး အောင်မြင်ဖြစ်ထွန်းမှု နည်းခဲ့ကြောင်းသိရသည်။ သို့သော်လည်း သီးနှံပေါ်ချိန် ဖြစ်သည့် နှမ်း ထောင်/နှမ်းခါချိန်နှင့်မြေပဲဖော်ချိန်/ ဆွတ်ချိန် များ တွင် အညာဒေသထုံးစံအတိုင်း မုန်တိုင်းမိုးရွာသွန်းတတ်သည့်အတွက်၊ မိုးလေကင်းလွတ်စေရန် မြေပဲစိုက်တောင်သူ များက ချွေလှေ့ စက်များငှားရမ်း လုပ်ကိုင်လာကြဖြင့် မြေပဲချွေလှေ့စက် အငှားလိုက်သူများ အဆင်ပြေလျ က်ရှိကြောင်း သိရသည်။
“ ပဲဖော်ချိန်ဆိုတော့ အလုပ်ကတော့ နေ့စဉ်လိုက်နေရတာ ပါပဲ… ဒါပေမဲ့ ဒီနှစ် မိုးမကောင်းတော့ ပဲသိပ်မရကြဘူးဗျ..။ မနှစ်က ဒီအချိန်ဆို မနက်လင်းကတည်းက မိုးချုပ်တဲ့အထိ ချွေရတာ… တစ်နေ့ကို တင်း ၂၀၀ကျော် ချွေရတယ်….အဲ့ဒီတုံးက တော့ ဝင်ငွေကလည်း တစ်နေ့ ၂ သိန်းလောက် ရတယ်ဗျ,…. ဒီနှစ်ကတော့ တောင်သူတွေလည်း မဟန်ဘူး…ကျွန်တော်တို့ စက် အငှားလိုက်သူတွေလည်း တစ်နေ့မှ တင်း ၁၀၀ လောက်တောင် တော်တော်လုပ်ယူနေရတယ်… မြေပဲက မိုးပြတ်သွား တော့ အသီးတွေတော့လှိုင်ပါရဲ့….အဆံက သိပ်မပါဘူး…။ ပဲမကောင်း တော့ တစ်နာရီမှ (၁၈)တင်းပဲကျတယ်…ပဲတကယ်ကောင်းရင်တော့ တစ်နာရီကို(၃၅)တင်း လောက် ကျတယ်…ဝင်ငွေအနေနဲ့ကတော့ တစ်နေ့ကို ၇သောင်းလောက်ရပါတယ်… စက်မောင်းသမားနဲ့ နောက်လိုက်ခအပါပေါ့…” ဟု ကန်နီ ကျေးရွာမှ ချွေလှေ့စက် အငှားလိုက်သူ ကိုကျော်လင်းခိုင်က ပြောသည်။
အဆိုပါစက်မှာ တရုတ်နိုင်ငံလုပ် ချင်ချိုင်းအမျိုးအစားအင်ဂျင်(၂၅)ကောင်အားကို ငွေကျပ် (၇)သိန်း ခွဲဖြင့်ဝယ်ယူ၍ မြန်မာနိုင်ငံ ပြညမြို့စက်မှုဇုံမှ ထုတ်လုပ်သည့် ပဲချွေခုံကို ငွေကျပ် သိန်း(၄၀)ဖြင့် ဝယ်ယူတတ်ဆင်ထားခြင်းဖြစ်ပြီး၊ မြေပဲ၊ စပါးနှင့်ပဲစင်းငုံ သီးနှံများကို ချွေလှေ့ နိုင်ပြီး မြေပဲချွေလှေ့ရာတွင် ပဲရိုးတစ်ခြား၊ ပဲရွက်မှော်တစ်ခြားနှင့်မြေပဲတောင့်များကို သဲသန့်စင်ပြီး ထွက်ရှိသဖြင့် အခင်းရှင်တောင်သူက လှည်းပေါ်တင်၍ သယ်ယူသွားရန်သာ ရှိသဖြင့် စက်ဖြင့်အငှား ချွေလှေ့ ခြင်းများ တွင်ကျယ်နေ ခြင်းဖြစ်ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)