မန်တုံမြို့တွင် ကိုဗစ်(၁၉)ရောဂါ ကြိုကာကွယ်နိုင်ရန်အတွက် ကျန်းမာရေး အသိပညာပေးနှိုးဆော် ဆောင်ရွက်

မန်တုံ      စက်တင်ဘာ  ၂၂

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့တွင် ကိုဗစ်(၁၉) ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ရောဂါကူးစက်မှုကိုလျော့နည်းစေပြီး မိမိကစ၍ ကာကွယ်နိုင်စေရန် ပလောင်၊ မြန်မာ ဘာသာများဖြင့် ယနေ့နံနက်(:)အချိန်က ကျန်းမာရေးအသိပညာပေး   နှိုးဆော်မှုများ ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါကျန်းမာရေးဆိုင်ရာအသိပညာပေးနှိုးဆော်ချက်များတွင်ပြည်သူများအနေဖြင့်အတတ်နိုင်ဆုံးမဖြစ်မနေ အိမ်တွင်း၌သာနေထိုင်ရန်၊ လက်ကိုဆပ်ပြာဖြင့်စက္ကန့် ၂၀ ကြာအောင်မကြာခဏ ဆေးကြောရန်၊ မိမိအိမ်သို့ ပြင်ပမှလာသော ဧည့်သည်များ လက်မခံရန်၊ မဖြစ်မနေအရေးကြီးကိစ္စရှိ၍ အိမ်ပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း Mask တတ်ရန်၊ Mask မတပ်သည့်ဆိုင်များ တွင်စျေးမ၀ယ်ကြရန်၊ ပါးစပ်နှင့်နှာခေါင်းစည်း Mask မတပ် သူများနှင်တွေ့ဆုံပါကစကားပြောခြင်းမ ပြုလုပ်ကြရန်၊ အပြင်မှပြန်လာပြီးတိုင်းMaskနှာခေါင်းစည်းများကိုစနစ်တကျစွန့်ပစ်ကြရန်၊ အသုံးပြုပြီးသော Maskများအားထပ်မံအသုံးမပြုကြရန်၊ လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ်နှင့်နှာခေါင်း၊ အမျက်နှာတို့ကိုပွတ်သပ်ခြင်းနှင့် ကိုင်တွယ်ခြင်းမပြုလုပ်ကြရန်၊ အ၀တ်စားမလဲမီကိုယ်လက်သန့်စင်ခြင်းမပြုလုပ်ရသေးဘဲအိမ်သားများနှင့်အနီးကပ်မထိတွေ့ကြရန်၊လေ၀င်လေထွက်မကောင်းသောအခန်းများ၊  ပြူတင်းတံခါးများဖွင့်ပြီး လေ၀င်လေထွက် ရရှိအောင်ဆောင်ရွက်ထားကြရန်၊ မိမိတို့ပတ်၀န်းကျင်၌ သံသယလူနာတွေ့ရှိပါက သက်ဆိုင်ရာသို့အမြန်သတင်းပေးပို့ကြရန်၊ မိမိတို့၌ ပိုးကူးစက်ခံနေရသည်ဟု သံသယရှိပါကနီးစပ်ရာကျန်းမာရေးဌာနများသို့အမြန်ဆုံးဆက်သွယ်၍ မပျက်မကွက် ဆေးစစ်ကုသမှု    ခံယူရန်နှင့်ကိုဗစ်(၁၉)ရောဂါကူးစက်ပျံ့ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူများအားလုံးကဝိုင်းဝန်းပူးပေါင်းပါဝင်ပေးကြပါရန်HandSpeakerဖြင့်ကျယ်ကျယ် ပြန့်ပြန့် တိုက်တွန်း နှိုးဆော်ခဲ့ပါသည်။ 

ထိုသို့ ကျန်းမာရေးအသိပညာပေးနှိုးဆော်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများမှ မြို့မရပ်ကွက်ရှိ စျေးဆိုင်လမ်းများ၊ လမ်းဆုံနေရာများ၊ အိမ်ခြေ ထူထပ်သောနေရာများသို့သွားရောက်ဆောင်ရွက်ခဲ့ပါသည်။

မန်တုံ (ပြန်/ဆက်)