ဟိုပန် ဩဂုတ် ၁၆
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၊ အခြေခံပညာအထက်တန်း ကျောင်း ဖွံ့ဖြိုးတိုးတက်ရေး နှင့် လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ကျောင်း အကျိုးတော် ဆောင် အဖွဲ့၏ ညှိနှိုင်းအ စည်းအဝေး ကို ယမန်နေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်သီတာထွန်းက ခွင့်ပြု ရန်ပုံငွေ သိန်း(၈၀)နှင့် စေတနာရှင်များ၏ ထည့်ဝင်ငွေဖြင့် စောမဟာခန်းမဆောင်၊ အမိုး အသစ်လဲခြင်း၊ မျက်နှာကျက် အသစ်တပ်ဆင်ခြင်း၊ဆေးသုတ်ခြင်း၊ မီးတပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ အထက်တန်းဆင့် ကျောင်းများ ဖွင့်လှစ်သင်ကြားမှု အခြေအနေ၊ အလယ်တန်းအဆင့် ကျောင်းများ ဖွင့်လှစ်နိုင်ရေး အတွက်ကြိုတင်ပြင်ဆင်ထားရှိမှုအခြေ အနေနှင့် ကျောင်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌ ဦးစိုင်းဆာထွန်းက စောမဟာခန်းမဆောင် ပြင်ဆင်မှုနှင့်ပတ် သက်၍ လုပ်ငန်းဆောင်ရွက်မှုများကို လည်းကောင်း၊ ကျောင်း အကျိုးတော် ဆောင် အတွင်းရေးမှူး ဦးစိုင်းနေလင်းထွန်း က ကျောင်းမုန့်ဆိုင်များ ကျန်းမာရေးနှင့် ညီညွတ် စေရေး၊ နေရာအသစ်ရွေးချယ် သတ်မှတ်ပေးရေးကို ဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့တို့သည် စောမဟာခန်းမ ဆောင်ပြင်ဆင်ပြီးစီးမှုအခြေအနေ၊ ကျောင်းမုန့်ဆိုင်များ ထားရှိမည့်နေရာနှင့် ကျောင်းသား/ ကျောင်းသူသုံး သန့်စင်ခန်းပြုလုပ်မည့်နေရာတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်