ချင်းရွှေဟော် မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဂိတ်မှနေရပ်ပြန် ပြည်သူ(၁၄)ဦးထပ်မံဝင်ရောက်

ချင်းရွှေဟော်  ဩဂုတ်  ၁၆

တရုတ်နိုင်ငံမှ   ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား  နေရပ်ပြန်ပြည်သူများသည် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ဩဂုတ်လ ၁၄ ရက်နေ့၊  ညနေ(၆)နာရီ အချိန်က(၅)ဦး   နှင့် ယမန်နေ့ မွန်းလွဲ(၃)နာရီက(၉)ဦး   စုစုပေါင်း နေရပ်ပြန်ပြည်သူ(၁၄)ဦး  ထပ်မံ ဝင် ရောက်လာခဲ့ကြောင်း သိရသည်။

အဆိုပါ ဝင်ရောက်လာသည့်နေရပ်ပြန်ပြည်သူ(၁၄)ဦးတို့မှာ  အမျိုးသား(၈)ဦး၊ အမျိုးသမီး (၆)ဦး တို့ ဖြစ်ပြီး   ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်မှ(၁)ဦး၊ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်မှ(၂)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ် မှ(၂)ဦး၊ ဧရာဝတီ တိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်မှ(၂)ဦး၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်မှ(၂)ဦး၊  ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်မှ(၁)ဦး၊ လောက်ကိုင်မြို့နယ်မှ(၁)ဦး၊ နှင့် ကွမ်းလုံ မြို့နယ်မှ(၃)ဦး တို့ဖြစ် ကြောင်း သိရသည်။

ထိုသို့ ချင်းရွှေဟော်နယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့်  နေရပ်ပြန်ပြည်သူများအား  ချင်းရွှေဟော် မြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့  စနစ်တကျစီစဉ်လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ ဧပြီလ ၃၀ ရက်နေ့မှ ယနေ့အထိ အမျိုးသား (၈၀၄၆)ဦး နှင့် အမျိုးသမီး(၆၄၂၉)ဦး တို့ဖြစ်ပြီး စုစုပေါင်း နေရပ်ပြန်ပြည်သူ (၁၄၄၇၅)ဦးတို့ကို လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

ဇင်ဇင်(ပြန်/ဆက်)