ပန်နန်းဒင် စက်တင်ဘာ ၂၂
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပန်နန်းဒင်မြို့အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက ်နိုင်ရန်အတွက် နောင်မွန်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည်ယမန်နေ့ ညနေပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ ကြောင်းသိရသည်။
နောင်မွန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနမ်ရဲမင်သည် ပန်နန်းဒင်မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့် ပန်နန်းဒင်မြို့ မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမိုင်ဆန်ရမ်တို့လိုက်ပါလျက် ပန်နန်းဒင်မြို့တွင်း လမ်းပိုင်းတိုးချဲ့လမ်းအဆင့်မြင့်တင်ရန် လိုအပ်မှုအခြေအနေ များနှင့် ပန်နန်းဒင်-ငါဝါကျေးရွာများသို့ ဆက်သွယ်ထားသည့် လမ်းမပေါ်ရှိ ကဇောင်ချောင်းကူးတံတား ဆောက်လုပ် ရန်လိုအပ်မှုအခြေအနေများအားကွင်းဆင်းစစ်ဆေးခဲ့သည်။
ဆက်လက်၍ နောင်မွန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများသည် ညပိုင်းတွင် ပန်နန်းဒင်မြို့ရှိ ခါကာဘိုရာဇီခန်းမ၌ ဌာနဆိုင်ရာဝန်ထမ်းများ၊ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ လက်ရှိနိုင်ငံတော်အစိုးရအနေဖြင့် ဆောင်ရွက်နေသည့်လုပ်ငန်းများအား ရှင်းလင်း ပြောကြားပြီး ပန်နန်းဒင်ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေး တင်ပြကြရန် ပြောကြားသည်။
ထို့နောက် ဆွေးနွေးပွဲတက်ရောက်လာသည့်ဒေသခံပြည်သူ ဦးမိုင်ဆန်ရမ်နှင့်ဦးချန်တန်မာထီးတို့က မြို့တွင်းလမ်းပိုင်းအား လမ်းအဆင့်မြင့် တင်တိုးချဲ့ပေးရန်၊ ပန်နန်းဒင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက် များနှင့်ဒေသခံပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရန်အတွက် ကျန်းမာရေး ဆရာမများ လိုအပ်မှု အခြေအနေများကိုရှင်းလင်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။
နောယော်ဘော်(ပြန်/ဆက်)