ပြင်ဦးလွင်မြို့နယ်အတွင်းရှိ လူမှုဖူလုံရေးအဖွဲ့နှင့် အကျုံးဝင်ထားသည့် စက်ရုံ ၊ အလုပ်ရုံ နှင့် အလုပ်ဌာနများမှ အာမခံ အလုပ်သမားများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးများ ဒုတိယ အကြိမ် ဆက်လက်ထိုးနှံပေး

ပြင်ဦးလွင်   စက်တင်ဘာ    ၂၁

  

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ လူမှုဖူလုံရေးအဖွဲ့နှင့် အကျုံးဝင်ထားသည့် စက်ရုံ ၊ အလုပ်ရုံနှင့် အလုပ်ဌာနများ မှ အာမခံအလုပ်သမားများအား  ယနေ့နံနက်  ( ၉:၃၀ ) နာရီမှ စတင်ပြီး  ရပ်ကွက်ကြီး  ( ၁ ) ရှိ  အစိုးရ စက်မှုလက်မှုသိပ္ပံကျောင်း၌ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ကာကွယ်ဆေးများ  ဒုတိယအကြိမ်  ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ 

 

ပြင်ဦးလွင်မြို့နယ်အတွင်းရှိ  ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်  မထိုးနှံရသေးသည့်  လူမှုဖူလုံရေးအဖွဲ့နှင့် အကျုံးဝင်ထားသည့် စက်ရုံ ၊ အလုပ်ရုံ နှင့်  အလုပ်ဌာနများ မှ အာမခံအလုပ်သမားများအား ကာကွယ်ဆေးထိုး စုရပ်အဖြစ်သတ်မှတ်ပြီး အပူချိန်တိုင်းတာခြင်း ၊ စာရင်း များရေးသွင်းခြင်းနှင့် ကျန်းမာရေးဆိုင်ရာများ စစ်ဆေးခြင်း  စသည့်  ကျန်းမာရေး ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ပြီး ကျန်းမာရေးဝန်ထမ်းများ နှင့် တာဝန်ရှိသူများ ပူးပေါင်းကာ  လူဦးရေ  (၈၅၂) ဦးခန့်  ထိုးပေးလျက်ရှိပြီး အလားတူ မြန်မာနိုင်ငံ ဆေးဝါး လုပ်ငန်းစက်ရုံ ( ပြင်ဦးလွင် )နှင့် သုံးတောင်ကျေးရွာရှိ  Burst  Transmission   Co.,LTD  ( မှန်ဘီလူးစက်ရုံ ) တို့တွင် တာဝန်ထမ်းဆောင်နေသော စက်ရုံဝန်ထမ်းများအား ကာကွယ်ဆေးများ  ဒုတိယအကြိမ်  ဆက်လက်ထိုးနှံပေးလျက်ရှိပါကြောင်း   တာဝန်ရှိသူတစ်ဦး၏  ပြောကြားချက်အရ သိရသည် ။  

                                                                  

ခရိုင် ( ပြန်/ဆက် )