သပိတ်ကျင်း စက်တင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်အတွင်း အသက် (၅၅)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးကို ယမန်နေ့က စတင်ထိုးနှံပေးခဲ့ပြီး၊ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများအား ယနေ့ ဆက်လက် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
သပိတ်ကျင်းမြို့နယ်အတွင်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသထိန်းချုပ် နိုင်ရေး လုပ်ငန်းများကို အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ သပိတ်ကျင်းမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တွင် အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများ၊ ဈေးသည်များ၊ ပြည်သူ့ဝန်ထမ်းများ၊ အသက်(၆၅)နှစ်အထက် ကာကွယ်ဆေးထိုးရန်ကျန်ရှိနေသူများအား မြို့နယ်ကျန်းမာရေး ဦးစီးဌာနဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများမှ ကျန်းမားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် လမ်းညွှန်ချက်များနှင့်အညီ စာရင်းရေးသွင်းခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးထဲတွင်ရှိသည့် Oxygen ပမာဏတိုင်းတာခြင်း၊ အပူချိန်တိုင်းတာခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ချောမွေ့စွာ ဆောင်ရွက်နိုင်ရန် ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး၊ ယမန်နေ့က ကာကွယ်ဆေးထိုးနှံသူဦးရေ (၁၀၂)ဦးထိုးနှံပေးခဲ့ ပြီး၊ ယနေ့ကျန်ရှိနေသူများအား ဆက်လျက်ထိုးနှံ ပေးလျက်ရှိရာ သပိတ်ကျင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး (၄၉၀၀)ဦး ထိုးနှံပြီးကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)