ရွှေကူ စက်တင်ဘာ ၂၀
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့တွင် မိုးစပါးတစ်ဧကအထွက်နှုန်းတိုးတက် မြင့်မားခြင်း ဖြင့်တောင်သူလယ်သမားများ၏ ဝင်ငွေတိုးတက်မြင့်မားပြီး လူနေမှုဘဝမြင့်မားလာစေရန် ရည်ရွယ်၍ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်းကာ ယနေ့ နံနက် ၁၁ နာရီအချိန်က ရွှေကူမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရွှေကူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုလို ကိုဗစ်−၁၉ ရောဂါ ကူးစက်မှုများ ဖြစ်ပွားနေသည့် ကာလအတွင်း ပြည်သူများအသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ အသိပညာပေးလုပ်ငန်းတစ်ခုအနေဖြင့် Talk Show အစီအစဉ်များကို သက်ဆိုင်ရာ ဌာနများနှင့်ပူးပေါင်းရိုက်ကူးထုတ်လုပ်ပြီး Online မှတစ်ဆင့် တင်ဆက်ပေးလျက်ရှိရာ ယနေ့ တွင်မိုးစပါးတစ်ဧက အထွက်နှုန်းတိုးတက်မြင့်မားခြင်းဖြင့် တောင်သူလယ်သမားများ၏ ဝင်ငွေတိုးတက်မြင့်မားပြီး လူနေမှုဘဝမြင့် မားလာစေရန်ရည်ရွယ်၍ ရွှေကူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဖြင့် ပူးပေါင်းဆောင်ရွက်သည့် “မိုးစပါးတစ်ဧက အထွက်နှုန်းတိုး တက်မြင့်မားစေရေး အသိပညာ ပေး Talk Show” ဆွေးနွေးပွဲဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့နယ် ဦးစီးမှူး ဒေါ်ခင်ပပသိန်းက ပြောကြားခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် “ရွှေကူမြို့နယ်အတွင်း စိုက်ပျိုးမြေဧက ပေါင်း(၇၄၀၁၆)ဧကရှိပြီး စိုက်ပျိုးမြေရဲ့ ၅၈ ရာခိုင်နှုန်း မိုးစပါးစိုက်ပျိုးလျက်ရှိကြောင်း၊ ယခုနှစ်တွင် မိုးစပါးစိုက်ပျိုးရန် (၄၃၁၇၄)ဧက လျာထားဆောင်ရွက်ခဲ့ပြီး ( ၄၃၁၈၀) စိုက် ပျိုးနိုင်ခဲ့သည့်အတွက် လျာထားချက် ပြည့်မီကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ တစ်ဧက တင်းတစ်ရာထွက်ရှိရေးအတွက် စီမံဆောင် ရွက်လျက်ရှိပြီး တစ်ဧက(၆၇)တင်းနှုန်းထွက်ရှိရေး ရည်မှန်းချက်ထားဆောင်ရွက်လျှက်ရှိကြောင်း၊ မိုးစပါးတစ်ဧက အထွက်နှုန်းတိုး တက်မြင့်မားရေး အဓိကလိုအပ်ချက်အနေဖြင့် စိုက်ပျိုးသည့် သီးနှံအမျိုးအစားနှင့်ကိုက်ညီသည့် စိုက်ပျိုးမြေကောင်းဖြစ်စေရန်၊ မျိုးကောင်းမျိုးသန့်ရွှေးချယ် စိုက်ပျိုးနိုင်ရန်၊လေဝင်လေထွက်ကောင်း၍ပိုးမွှားရောဂါကင်းစင်ရန် ပေါင်းမြက်များကိုရှင်းလင်းပေး ခြင်းနှင့်ကြိုတင်ကာကွယ်တားဆီးနှိမ်နှင်းရန်၊ စိုက်ပျိုးရေးနည်းစနစ်မှန်ကန်စေရန်၊ ကုန်ကျစရိတ်သက်သာစေသည့် သဘာဝမြေသြ ဇာပြုလုပ်သုံးစွဲခြင်း၊ ဒုတိယသီးနှံစိုက်ပျိုးခြင်းဖြင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်လာနိုင်သကဲ့သို့ မိသားစုဝင်ငွေအတွက် တစ်ဖက်တစ် လမ်းမှ အထောက်အကူပြုနိုင်ကြောင်း၊ စပါးရိတ်သိမ်းတဲ့အခါ၌လည်း အလွန်အကျွံမှည့် ကျွမ်းနေအောင်မထားဘဲ မောင်းညိုချိန်၌ ရိတ်သိမ်းခြင်းသည် အလေအလွင့်နည်းစေရန် အကောင်းဆုံးရိတ်သိမ်းချိန်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် တောင်သူများအနေနဲ့ စိုက်ပျိုးရေးနည်းပညာနဲ့ပါတ်သက်၍ အကူအညီလိုအပ်ပါက ရွှေကူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဖုန်းနံပါတ် 0742552017, 09691577265 များသို့ဆက်သွယ်မေးမြန်းနိုင်သကဲ့သို့ Viber သို့လည်း မိမိစိုက်ခင်း၌ ဖြစ်သည့်ရောဂါ အခြေအနေ၊ ပိုးမွှား အခြေအနေ၊ အာဟာရချို့တဲ့မှုအခြေအနေများကို ဓာတ်ပုံမှတ်တမ်းများပေးပို့၍လည်း အကူအညီတောင်းခံနိုင် ပါကြောင်း မြို့နယ်ဦးစီးမှူး ဦးလှိုင်မင်းဦးထံမှ သိရှိရသည်။
မြို့နယ်၊ပြန်/ဆက်