တံတားဦး စက်တင်ဘာ ၂၀
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် သံဃာတော်များ၊ သီလရှင်နှင့်လူပုဂ္ဂိုလ်တို့ကို ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့စမ်းသပ် စစ်ဆေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့မျး ပူးပေါင်းပြီး ကွင်းဆင်းစစ်ဆေး ပေးလျက်ရှိရာ ယနေ့မွန်းလွဲ (၁) နာရီက မြို့ပေါ်ရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်၍ စမ်းသပ်စစ်ပေးကြောင်း သိရ သည်။
ထိုသို့ ကျန်းမာရေးစစ်ဆေးပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် စည်းကမ်းများနှင့်အညီ ရေသဖန်းဘုန်းတော်ကြီး ကျောင်းမှ ဆရာတော်သံဃာတော် (၃၆) ပါးနှင့် လူပုဂ္ဂိုလ် (၂) ဦးတို့အား စစ်ဆေးရာ ဆရာတော် သံဃာ တော်များနှင့် လူပုဂ္ဂိုလ်တို့တွင် ရောဂါပိုးမတွေ့ရှိရဘဲ (Negative) ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
အလားတူ တံတားဦးမြို့နယ်အတွင်း ကျန်ရှိသောဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းတို့ရှိ သာသနာ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် ဆက်လက်ကွင်းဆင်း လှည့်လည်စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရဲတင့်(တံတားဦး)