ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ စေတီကြီး ပရိယတ္တိ စာသင်တိုက်မှ သံဃာတော်များအား အလှူငွေနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်း

ပင်းတယ စက်တင်ဘာ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ စေတီကြီး ပရိယတ္တိစာသင်တိုက်၌ ပရိယတ္တိသင်တန်း တက်ရောက်နေကြသော သံဃာတော် (၁၁၀) ပါးအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ (PCR) ဖြင့် တောင်ကြီးမြို့ သို့ပေးပို့ စစ်ဆေးရာမှ  ဉူးဇင်း(၁) ပါးနှင့် ရှင်သာမဏေ (၅၇) ပါးတို့တွင် ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာအဖြစ် တွေ့ရှိခဲ့သည်။

ကိုဗစ် - ၁၉ ရောဂါကူးစက်ခံနေရသော သံဃာတော်များအား ပြုစု စောင့်ရှောက် ဆေးကုသရန်နှင့် ကျောင်းတိုက်နေ သံဃာတော်များစုစုပေါင်း (၁၀၉) ပါးတို့ အားလှူဖွယ် ပစ္စည်းများနှင့် ကုသိုလ်ပြုငွေကျပ် (၂၅) သိန်းအား (FOREVER GROUP) MRTV-4 အလှူရှင် များမှ  ပင်းတယမြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ ဉက္ကဋ္ဌထံသို့ လာရောက်လှူဒါန်းသွားကြောင်း သိရသည်။

အဆိုပါလှူဒါန်းမှုတွင်  (FOREVER GROUP) MRTV-4 မိသားစုဝင်များက ငွေကျပ် (၅) သိန်းတန်ဘိုးရှိ လှူဖွယ်ဝထ္ထုပစ္စည်းများနှင့်  ဒေါက်တာဟိန်းထက်အေးနှင့် ဇနီး ဒေါက်တာ ခင်လင်းမော် (FOREVER GROUP) မိသားစုမှ အလှူငွေကျပ် (၂၅) သိန်းတို့အား မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကိုဗစ်-၁၉  ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဉက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦးကျော်မိုးလွင်မှ တဆင့် စေတီကြီး ကျောင်းတိုက်၊ ကျောင်းထိုင်ဆရာတော်ထံသို့ ဆက်ကပ်လှူဒါန်း ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)