ကျောက်ဆည် ဩဂုတ် ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ပြည်သူများသွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွကက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူများနှင့် ပူးပေါင်းပြီး အဘိတ်ဆေးခတ်ခြင်းဖုံး၊သွန်၊လဲ၊စစ်ပြုလုပ်ခြင်းနှင့် ခြင်ဆေးဖြန်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀နာရီက လေးဆယ်ကုန်းရွာတွင် သွေးလွန်တုပ်ကွေး ရောဂါ ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ငှက်ဖျားရောဂေါမှူး ဦးသက်နိုင်စိုးနှင့် မင်းစုတိုက်နယ်ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးဦးကျော်စွာထွန်း နှင့်အဆိုပါ ကျေးရွာမှ လူမှုရေးအသင်းဝင်များပူးပေါင်းပြီး တစ်အိမ်တက်၊ တစ်အိမ်ဆင်း၊အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ခြင်ဆေးဖြန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး သွေးလွန်တုပ်ကွေး ရောဂါကာကွယ်ရေး အသိပညာပေးဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တင်တင်ထွေး(ခရိုင်ပြန်/ဆက်)