ကျောက်တန်း သြဂုတ် ၁၅
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်တွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး Human Papilloma Virus (HPV) ပထမအကြိမ် ထိုးနှံခြင်းကို ထည့်သွင်းနိုင်ရန် လျာထားပြင်ဆင်လျက်ရှိကြောင်း သိရသည်။
အဆိုပါထိုးနှံမှုတွင် ၁.၈.၂၀၁၀ မှ ၁.၉.၂၀၁၁ မွေးဖွားသူ (တစ်နည်းအားဖြင့် အသက် ၉ နှစ်မှ ၁၀ နှစ်ပြည့်ပြီးသူ အမျိုးသမီးများအား ကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
သို့ဖြစ်ပါ၍ ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် မိမိတို့၏ သမီးငယ်များအားကျန်ရှိမှု မဖြစ်စေရေးအတွက် ၁၈.၈.၂၀၂၀ ရက်နေ့တွင် ကျောက်တန်းမြို့ မိခင်ကလေး ကျန်းမာရေးဌာနတွင် စာရင်းများပေးသွင်းနိုင်ကြောင်း သိရသည်။
ခင်ဆွေဝင်း(ပြန်/ဆက်)