မိုးနဲမြို့ မိုးစပါးမျိုးစေ့ထုတ် စံပြစိုက်ခင်း၊ လွိုင်စယ်အင်း ပြန်လည် တူးဖော်ခြင်းနှင့် အင်းပတ်တာဘောင်ဖို့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှု

မိုးနဲ   စက်တင်ဘာ   ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှစိုက်ပျိုးထားရှိသော ရွှေရင်အေးမိုးစပါး မျိုးစေ့ထုတ်စံပြစိုက်ခင်းနှင့် ဆည်မြောင်း ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော လွိုင်စယ်အင်း ပြန်လည်တူး‌ဖော်ခြင်းနှင့် အင်းပတ်တာ ဘောင်ဖို့ခြင်းလုပ်ငန်း (အပိုင်း-၂) ဆောင်ရွက်နေမှုအ‌ ခြေအအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် တာဝန်ရှိသူများက ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်က ကွင်းဆင်းကြည်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် တာဝန်ရှိသူများက နမ့်မော်ဆွမ့်ကျေးရွာအုပ်စုတွင် စိုက်ပျိုးထားသော ရွှေရင်အေးမျိုးစေ့ထုတ် စိုက်ခင်းသို့ ရောက်ရှိစစ်ဆေးခဲ့ရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဇော်မော်ဦးက မိုးစပါး မျိုးစေ့ထုတ် စံပြစိုက်ကွက်စိုက်ပျိုးထားရှိမှုအခြေအနေနှင့် မိုးစပါး လယ်စိုက်ပျိုးနိုင်မှုမှာ လျာထားချက်ထက် ကျော်လွန်စိုက်ပျိုးနိုင်ကြောင်း ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် နောင်မြိုင်းကျေးရွာအုပ်စု လွိုင်စယ်အင်း ပြန်လည်တူးဖော်ခြင်းနှင့် အင်းပတ်တာဘောင်ဖို့ခြင်း လုပ်ငန်းခွင် နေရာသို့ ရောက်ရှိ ကြည့်ရှုစစ်ဆေးရာ မြို့နယ်ဆည်မြောင်းဦးစီးဌာန ဦးစီးမှူး ဦးမင်းမင်းဇော်က စက်ယန္တရားများ အသုံးပြု၍ လုပ်ငန်းများဆောင်ရွက်နေမှုကို မြေပုံကားချပ်နှင့်တကွ ရှင်းလင်းတင်ပြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က လုပ်ငန်းအလိုက် လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ (ပြန်/ဆက်)