တောင်သာ စက်တင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်းရှိ ကျွဲတပ် ကျေးရွာမှ ကျား(၃)ဦး၊မ(၂၃)ဦး၊ မကြီးကုန်းကျေးရွာမှ ကျား(၁)ဦးတို့သည် ဖျားနာပြီး အနံ့မရသဖြင့် ကိုဗစ်-၁၉ ရောဂါသံသယရှိသဖြင့် မြို့နယ်ပြည်သူ့ဆေးရုံ၌ RDT Kit ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သည်။
အဆိုပါ ပိုးတွေ့လူနာ(၂၇)ဦးအား တောင်သာမြို့ ပြည်သူ့ဆေးရုံ၊ မင်းစု(အ.ထ.က)၊ မြို့နယ်အာကာခန်းမ၊ ရုံးစည်ကြီး တိုက်နယ်ဆေးရုံ၊ ကျောဇီတိုက်နယ်ဆေးရုံများ သီးသန့်ဆောင်တွင် ဆေးကုသမှုခံယူလျက်ရှိကြောင်းသိရသည်။
တောင်သာမြို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာစုစုပေါင်း(၁၅၂၅)ဦးရှိပြီး ဆေးရုံဆင်းသူ(၁၃၉၄)ဦးနှင့် သေဆုံးသူ (၅၃)ဦး ရှိကြောင်းသိရသည်။
ကျော်မျိုးနိုင်(တောင်သာ)