မိုင်းပျဉ်း စက်တင်ဘာ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၌ ဆေးကုသမှုခံယူနေသူ ကိုဗစ်-၁၉ ရော ဂါ အတည်ပြုလူနာ (၇၄)ဦးအနက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ(၁၃)ဦးအား ယမန်နေ့နှင့်ယနေ့တွင် နေရပ်သို့ ပြန်လည်စေလွှတ်ခဲ့သဖြင့် ယနေ့အထိ ကျန်းမာရေး ပြန်လည်ကောင်းမွန်သဖြင့် နေရပ်သို့ ပြန်ခွင့်ရသူ (၃၂၈) ဦးအထိ ရှိလာပြီဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မိုင်းပျဉ်းမြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ ဇွန်(၃၀)ရက်မှ ယနေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ (၃၈၉) ဦး အထိ စစ်ဆေးတွေ့ရှိပြီး ကျန်းမာရေးကောင်းမွန်၍ နေရပ်ပြန်ခွင့်ရသူ(၃၂၈) ဦး၊ ဆေးကုသမှုခံယူ နေသူ(၆၁) ဦးနှင့် သေဆုံးလူနာ မရှိကြောင်းသိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)