မန္တလေးမြို့တွင် မိုးရွာသွန်းမှုများကြောင့် သစ်ပင်များလဲပြိုမှုဖြစ်ပွား

မန္တလေး စက်တင်ဘာ ၂၀

 

မန္တလေးမြို့တွင် မိုးရွာသွန်းမှုများကြောင့် ယနေ့နံနက်၇နာရီခွဲက အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ ၁၀လမ်းနှင့် ၁၂လမ်းကြား၊ ၆၂လမ်းအရှေ့ဘက်တွင် လုံးပတ်(၂)ပေ၊ အမြင့်(၃၀)ပေရှိ ကုက္ကိုပင်၊၁၂လမ်းနှင့်၁၄လမ်းကြား၊ ၆၂လမ်းအရှေ့ဘက်ရှိ လုံးပတ်(၂)ပေ၊ အမြင့်(၃၀)ပေရှိ အော်ရေးရှားပင်နှင့် လုံးပတ်(၂)ပေ၊ အမြင့်(၂၅)ပေရှိ စိန်ပန်းပင်တို့ လဲပြိုမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

အဆိုပါ သစ်ပင်များလဲပြိုကျမှုကြောင့် လမ်းပိတ်ဆို့မှုဖြစ်ပွားနေကြောင်း သတင်းအရ အောင်မြေ သာစံမြို့နယ် မီးသတ်ဦးစီးမှူး ဦးမြင့်ခိုင်ဦးစီး၍ သန္ဓေတပ်ဖွဲ့ဝင်(၅)ဦး ၊မြို့နယ်အရန် မီးသတ် တပ်ဖွဲ့မှ တပ်ခွဲ(၄)တပ်ခွဲမှူးကျော်ဝင်း ပါ တပ်ဖွဲ့ဝင်(၁၀)ဦး၊ နန်းတော်ရှေ့နယ်လုံးဆိုင်ရာ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းထွန်းအောင်ပါအဖွဲ့ဝင်(၁၀)ဦးတို့မှ အုပ်ချုပ်မှုယာဉ်( ၂)စီး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့်သွားရောက်ရှင်းလင်းကြရာ နံနက်၉နာရီခွဲတွင် အားလုံးရှင်းလင်း ပြီးစီးခဲ့ပြီး သစ်ပင်(၃)ပင်ပြိုလဲမှုကြောင့်လူ၊တိရစ္ဆာန်နှင့်အဆောက်အအုံများ ထိခိုက်ပျက်ဆီးမှု မရှိကြောင်း သိရသည်။

 

ဇော်လင်းဦး (အောင်စံ)