ကွမ်းလုံမြို့နယ်တွင် အသက်(၅၅)နှစ်မှ (၆၄)အတွင်းရှိသူများကို ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေး

ကွမ်းလုံ စက်တင်ဘာ ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့တွင် အသက်(၅၉)နှစ်မှ (၆၄)နှစ်အတွင်း ရှိသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့ နံနက်(၈:၃၀)မှစ၍ နေရာ(၃)အုပ်စုခွဲကာ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 ကွမ်းလုံမြို့နယ်၊ ကိုးကန့်ယဥ်ကျေးမှုခန်းမတွင် အသက်(၅၅)နှစ်မှ (၆၄)နှစ်အတွင်းရှိသူ (၁၅၀)ဦး၊ ဟိုလီ အထကခွဲတွင် ( ၄၅ )ဦး၊ နမ့်ဟူး အထကခွဲတွင် (၈၅)ဦး စုစုပေါင်း (၂၈၀)တို့အား (ပထမ) အကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခဲ့ခြင်းဖြစ်ရာ အပူချိန်တိုင်းတာခြင်း၊ နေရာစီစဉ်ခြင်း၊ စာရင်းစစ်ဆေးပေးခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် ဆေးထိုးနှံခြင်းတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ကိုဗစ်-၁၉ကော်မတီ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကြက်ခြေနီ အဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူးပေါင်း၍ ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။

ဖြိုးမမ